04

3.7K 671 12
                                    



အိမ်​ပြန်ဖို့လမ်းပျောက်နေရင် မြောက်ဝင်ရိုးကကြယ်လေးကိုရှာဖွေပါ။

🌃

"  အိုး  ဖျားနေတာပဲ "

အဖွားက ခရုဆန်ပြုတ်လို့ခေါ်တဲ့ ခရုဖင်လိမ်တွေနဲ့ ဆန်ရောပြုတ်ထားတဲ့ပန်းကန်ကိုရိပေါ်ရှေ့ချပေးရင်း နဖူးကိုစမ်းရင်းထအော်တယ်။

" ဒီမှာဖျားရင်မကောင်းဘူး လေစိမ်းတွေတိုက်လို့  ဒါလေးသောက်ပြီးရင် ဆေးကျိုပေးမယ်"

ဆန်ပြုတ်ပန်းကန်ထဲကအညိုရောင်ရှိတဲ့ ခရုတွေကိုရိပေါ်မစားတက်သလိုဘယ်လိုစားရမှန်းလည်းမသိ ။

" မစားတက်ဘူးလား  ဒီမယ်  ဒီအဝလေးကို စုပ်လိုက်တာ အထဲက အသားလေးတက်လာလိမ့်မယ် ဒါလေးက တအားချ်ိုတာ "

ခရုခေါင်းပေါက်လေးကို စုပ်လိုက်တော့ အသားဖပ်လေးကလျှာ​ဖျားလေးကိုလာတိုးတယ် နောက်တစ်ချက်ထပ်စုပ်လိုက်တော့ နူးအိနေတဲ့အသားအရသာကိုရိပေါ်ခံစားလိုက်မိတယ် ။

" အဖွား "

"ဟေးး "

" စားလို့ကောင်းတယ် "

ရိပေါ်ရဲ့တက်ကြွတဲ့အသံမှာ အဖွားက အာခေါင်ပေါ်အောင် တဟားဟားအော်ရယ်​တယ် ။

ကွန်ပိုက်ထမ်းလို့ပြန်လာတဲ့ အဘိုးဝီနဲ့ ဟိုလူကိုမြင်တော့ရိပေါ်စားနေတာလေးရပ်တန့်လိုက်တယ် တကယ်ပဲ ဒီလူက အသည်းမာတယ် တဖြေးဖြေးနဲ့ရိပေါ်လန့်တာထက်ပိုလာတယ် ။

    " ဂိုလ်းက သဘောကောင်းပါတယ်ယောကျာ်းတစ်ယောက်က သားရဲတစ်​ကောင်နဲ့တူတယ်  ဒဏ်ရာရင် ပိုပြီး ခက်ထန်လာတယ် ဂိုလ်းက တကယ်တော့ ဒဏ်ရာရနေတဲ့သားရဲတစ်​ကောင်ဖြစ်နေတယ်  "

အဖွားရဲ့ပြောစကားမှာရိပေါ်က ကွန်ပိုက်ကငါးတွေဖြုတ်နေတဲ့ထိုလူ့ကိုထပ်မံစိုက်ကြည့်နေမိပြန်တယ်  ရုတ်တရက် သူကလည်းကြည့်လိုက်တာမို့ ခေါင်းကိုချက်ခြင်းငုံ့လိုက်မိတယ် ။ 

                          ××××××

" မင်းသက်သာပြီလား "

အက်ရှရှအသံကြောင့် ရေသူမမျက်ရည်တွေကြိုးနဲ့သီနေတဲ့ရိပေါ်က တုန်သွားတယ် ။

The Golden ||Complete ||Where stories live. Discover now