13

3.6K 631 14
                                    

ညည့်နက်တဲ့အခါ ရိပေါ်က သူ့အိပ်ခန်းသူပြန်ဖို့တောင်မေ့လျော့နေတယ် ။ မှန်ကာထားတဲ့ အခန်းကနေ ကြယ်သုံးလေးပွင့်သာရှိတဲ့ ကောင်းကင်ကြီးကိုငေးမောနေတယ် ။

" ရှောင်းကျန့်  မြောက်ဝင်ရိုးစွန်းမှာရှိတဲ့ကြယ်က အိမ်ပြန်လမ်းပြကြယ်ဆို "

ရိပေါ်က သူ့နဲ့မျက်စောင်းထိုးဘောင်ပေါ်တင်ပါးတစ်ခြမ်းတင်ထိုင်နေတဲ့ရှောင်းကျန့်ကို မေးလိုက်တော့ သူကစဥ်းစားသလိုလုပ်ပြီးခေါင်းငြိမ့်ပြတယ် ။

" ကြားဖူးတယ်!  ဥပမာပြရရင် ရိပေါ်နဲ့ကိုယ့်လိုပေါ့  ကိုယ်ကအိမ်ပြန်လမ်းပျောက်နေတဲ့သူဖြစ်ပြီး ရိပေါ်က ကိုယ့်ရဲ့ တစ်ပွင့်တည်းသော မြောက်ဝင်ရိုးစွန်ကကြယ်လေးပဲဖြစ်တယ် "

ပင်လယ်မှာကျက်စားတဲ့သတ္တဝါတွေရဲ့တစ်ခု​တည်းသော ဓလေ့ဟာ အသက်ရှင်ချင်ရင်မည်မျှအကောင်သေးနေပါစေ အင်အားကြီးနေမှအသက်ရှင်မှာဆိုတဲ့ ဓလေ့ပင် ။

အရှုံးပေးထားသလိုအဓိပ္ပါယ်နဲ့စုတ်ပြက်နေတဲ့ရွက်တိုင်ကိုလွှင့်ထူကာ ပင်လယ်ထဲနစ်မွန်းနေတဲ့ ရှောင်းကျန့်ကို ဆယ်ယူခဲ့တာဝမ်ရိပေါ်ဖြစ်လို့  ဝမ်ရိပေါ် က သူ့ဘဝရဲ့ အစိတ်ပိုင်းလေးဖြစ်လာခဲ့တယ် ။

" ဝမ်ရိပေါ်လေးက ကိုယ့်ကိုကောင်းတာတွေပဲဖြစ်စေခဲ့တာမို့  ရိပေါ်သာ ကောင်းစားမယ်ဆို ကိုယ်က ဘာမဆိုလုပ်ပေးမှာ ဒီလိုလေးသိထားပေး "

ဝမ်ရိပေါ် နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိတယ်။ ဘာမဆို ' ဆိုတာထက်ပိုသာလွန်းစွာပဲ ဒီလူကို ပေးဆပ်ချင်မိတယ် ။ ရှောင်းကျန့်ဆိုတဲ့လူသားက ယုံ​ယုံကြည်ကြည် နှလုံးသားကိုအပ်နှင်းချင်လောက်အောင် ​စင်ကြယ်လွန်းတယ်လို့ထင်တယ် ။

"  အရမ်းကြီးကောင်းမပြနဲ့  ကျတော် ခင်ဗျားကို လက်မလွှတ်နိုင်ပဲနေလိမ့်မယ် ရှောင်းကျန့်"

တစ်လှမ်းချင်းတိုးလာတဲ့ ခြေလှမ်းတွေကရင်ခုန်သံနဲ့ထပ်တူကျနေတယ် ။ ရင်ဘက်ထဲက နှင်းဆီနီနီတစ်ပွင့်က သူ့အတွက် ဖူးပွင့်လို့။

​ရှောင်းကျန့်အတွက်တော့ ရိပေါ် က နှလုံးအိမ်ထဲ ထိုးစိုက်ထားချင်စရာ အဝါရောင်ကျူးလစ်ပန်းလေးသာဖြစ်တယ် ။

The Golden ||Complete ||Where stories live. Discover now