16

5.5K 691 21
                                    

ဆရာဝန်တစ်ယောက်က ဘာမီတွန် ဘယ်နှလုံးသောက်ရင် ဘယ်လောက် ထိအိပ်စက်နိုင်လည်းသိရဲ့သားနဲ့ ရှောင်းကျန့်က အများကြီးသောက်ခဲ့တယ် ။ 

အိပ်မရတဲ့အကြောင်းရင်းဘာမို့လဲ ။

သူမပြောတဲ့စကားတွေဆက်နားထောင်ဖို့ရိပေါ်က အသက်ကိုပြင်းပြင်းရူရိူက်ရတယ်။

" မင်းထွက်သွားပြီနောက်ပိုင်း ရှောင်းကျန့်က အရှုံးသမားလုံးလုံးဖြစ်သွားတာပဲ ဆေးရုံကလဲအထုတ်ခံလိုက်ရတယ်  ပြီးတော့ မှောင်မည်းနေတဲ့အခန်းထဲမှာ အရက်တွေပဲ အမြဲသောက်နေခဲ့တာ "

"  တို့  အဲ့နေ့က သူ့ဆီသွားလည်တာ အဲ့မြင်ကွင်းကို မျက်စိထဲက မထွက်ဘူး  အိပ်လို့တောင်မရခဲ့ဘူး  ရှောင်းကျန့်က အရမ်းသနားဖို့ကောင်းခဲ့တယ်  "

ရှုယွီကငိုတော့ကလေးကပါလိုက်ငိုတယ်။ ရိပေါ်က ရင်ဘက်ကိုလက်နဲ့ဆုတ် ကိုင်ပြီးအသက်ကိုဝဝရူနေရတယ် ။ 

ဒီနှစ်တွေမှာ ရှောင်းကျန့်ကို သူဘယ်လောက်လွမ်းခဲ့ရလဲ  မုန်းချင်တာတောင်မုန်းမရလို့သူ့ကိုသူပြန်​မုန်းရတဲ့ထိပဲ  ။

ဘာလို့  ဒီလူနဲ့ပတ်သက်ပြီး နာကျင်နေရတဲ့လူကပဲ ဖြစ်နေရတာလဲ ။

ရှောင်းကျန့် ရေ... ရှောင်းကျန့်ရဲ့ ။

.......    ........

မရောက်တာကြာတဲ့နေရာ ။ ​ရင်ခုန်သံတွေစပြုရာနေရာ။  ညစ်စုတ်စုတ်အဝတ်နဲ့ပါးမြိုင်းမွှေးနဲ့လူတစ်ယောက်  သူသိပ်ချစ်ခဲ့တဲ့လူ ။

ခင်ဗျားကနာမည်နဲ့လိုက်အောင် ကျွန်တော့်အတွက်အဖိုးတန်တယ် ။

ကင်မရာတစ်လုံးကိုင်ပြီး စူးရဲတဲ့အကြည့်နဲ့လူကိုစ နောက်နေတဲ့ လူနှစ်ယောက်ရဲ့ပုံရိပ်က မျက်စိထဲမြင်ယောင်လာတယ်။

အတိတ်တွေ  ကြည့်နေရဲ့လား ရှောင်းကျန့်။

မာဒရစ်မြို့ထဲဝင်လိုက်တာနဲ့ ငါးခြောက်နံ့ငါးစိမ်းနံ့ကိုတန်းရတယ် ။ ကျွန်းဆီသွားတဲ့လမ်းတလျောက်မှာ  မြက်စိမ်းနံ့တွေပလှိုင်ထနေတယ်  ။ 

လှမ်းမြင်နေရတဲ့ တဲအိုလေး။  ရိပေါ်က စလွယ်အိတ်ကို တင်းနေအောင် ကိုင်လိုက်တယ် ။

The Golden ||Complete ||Where stories live. Discover now