10

3.6K 653 4
                                    


ရှန်ဟိုင်းလေဆိပ်မှာသူ့ကိုလာကြိုမဲ့လူကိုစောင့်ရင်း ရိပေါ် က တော်တော်ကြာကြာမသုံးဖြစ်တဲ့ဖုန်းကိုထုပ်ပြီး နံပါတ်တစ်ခုဆီဆက်လိုက်တယ်။

" မင်းအိုအေပဲ သေ!  ညနေတွေ့မယ် "

ဖုန်းကိုချပြီးမကြာခင်မှာပဲ သူ့ဆီကြိုသူ​တွေရောက်လာခဲ့တယ် ။ ကားပေါ်တက်ရင်း လမ်းတစ်လျှောက် မိုင်​တိုင်တွေလိုက်ရေတွက်နေမိတယ် ။

" ဝမ်သခင်လေးပျော်ခဲ့ရဲ့လား သခင်​မကြီးကစိတ်ပူနေတာ အိုလံပစ်ပွဲကလည်းနီးပြီလေ "

အိမ်တော်ထိန်းရဲ့ မေးသံမှာ ရိပေါ်ကခေါင်းငြိမ့်ပြလိုက်တယ်။ အချိန်ကြာရင် မေ့သွားမှာပါလို့နှစ်သိမ့်ပေမဲ့ ဘာမှတောင်မကြာသေးတဲ့အချိန်မှာ ရိပေါ်က ထိုလူကို မတအားတွေလွမ်းနေမိတယ် ။

                             ××××××

2020အိုလံပစ်ပွဲမှာ သူတို့အသင်း​အနေနဲ့ နည်းပြရဲ့ပြင်းထန်တဲ့ လေ့ကျင့်မှုတွေမှာ သက်တောင့်သက်သာအလျဥ်းမရှ်ိပေ ။

" အား  မောလိုက်တာ! "

ဘုန်းခနဲသူ့ပေါင်ပေါ် ပြိုကျလာတဲ့ ရှောင်းပိုင်ခေါင်းကို ရိပေါ်ခေါက်ချလိုက်တယ် ။

" ရှောင်းပိုင် ဝလာတယ် ဒါကြောင့်မို့ မင်းမပြေးနိုင်တာ "

" ရိပေါ်  မင်းစော်ရနေပြီလား "

မောဟိုက်နေလို့ နိမ့်မြင့်မညီတဲ့ရင်ဘက်က ခဏငြိမ်သွားတယ် ။ အနမ်းခံလိုက်ရတဲ့ နှုတ်ခမ်းက အနွေးဓာတ်ပြန်လွှမ်းလာတော့ ပါးမှာ ပန်းနုရောင်ခြယ်သလျက် ။

   "  ဘယ်ကစော်လည်း စိတ်မဝင်စားပါဘူး ငါတို့ဒီနှစ် အိုလံပစ်မှာ  ရွှေဆုရအောင်ယူမယ် "

" ဟိတ်ကောင် စကားမလွှဲနဲ့  တစ်ယောက်တည်းကြိတ်ကြိတ်ပြုံးနေတာ ငါမမြင်ရင် ခက်မယ် "

"  ဒီလိုပါပဲ  "

                         ×××××

အိမ်ပြန်တဲ့လမ်းမှာ ရိပေါ်ကတစ်​ယောက်တည်း ။ ဦးထုပ်အနက်လေးစောင်း​လို့ ဂျာစီတွေ ထည့်ထားတဲ့ ကျောပိုးအိတ် ကို လွယ်ရင်း ချမ်းလို့ ခဏ ​ကိုယ်လေးကျုံ့​လိုက်မိတယ် ။

The Golden ||Complete ||Where stories live. Discover now