အပိုင်း [ ၂၈ ]

84.8K 10.3K 564
                                    

မနေ့ညက မိုင်မိုင်း ညဥ့်နက်မှ အိပ်ပျော်သဖြင့် မနက်ကျ ခါတိုင်းရက်တွေထက် အိပ်ရာထ နောက်ကျပါ၏။

သူ အိမ်အောက်ထပ်သို့ ဆင်းသွားတော့
ဦးမြတ်သောက မီးဖိုချောင်ထဲတွင် မနက်စာ ချက်နေသည်။

"မင်္ဂလာနံနက်ခင်းပါ မိုင်"

ချိုမြသော အပြုံးနှင့်ရွှင်ပျသော မျက်နှာကို ကြည့်ရုံဖြင့် ဦးမြတ်သောရဲ့ စိတ်အစဥ် ကြည်လင်နေမှုက ပေါ်လွှင်လျက်ရှိ၏။

"မင်္ဂလာနံနက်ခင်းပါဗျ"

မနေ့ညက အဖြစ်ကို ပြန်မြင်ယောင်မိတော့ သူ့ပါးပြင်နှစ်ဖက်လုံး ပူနွေးလာကြပြန်သည်။

"ကိုယ် မနက်စာကို ပေါင်မုန့်မီးကင်နဲ့ဝက်ပေါင်ခြောက်ကြော်ပဲ လုပ်ထားတယ်...သောက်စရာကတော့ ကိုယ်ကနှပ်ကော်ဖီ...မင်းကရော"

"နွားနို့ပဲ သောက်မယ်ဗျ"

သူ ပန်းကန်တွေ ထုတ်ကူနေစဥ်မှာ....

"ကိုယ် ဒီည"

နောက်ကျောဖက်ကနေ ဦးမြတ်သောက သူ့ မျက်နှာနားကပ်ပြောလာမှုကြောင့် မိုင်မိုင်း ဆတ်ခနဲ တုန်သွားတော့

"အိမ်ပြန်နောက်ကျမယ်လို့ ပြောမလို့ပါ"

ဟုဆိုပြီး ဦးမြတ်သောမာန်က သူ့ပုခုံးပေါ်မှ ကျော်ကာ စင်ပေါ်ရှိ ဖန်ခွက်ကိုလှမ်းယူသည်။

ဦးမြတ်သောမာန်က တည်ငြိမ်အေးဆေးနေပေမယ့် သူကမူ
ဇွန်း ခက်ရင်းအစား တူတွေ ချလိုချ၊ ဆူပွက်နေသည့် နွားနို့အိုးကို လက်ဗလာဖြင့်ကိုင်လိုကိုင်မိဖြင့် အယောင်ယောင်အမှားမှားတွေ ဖြစ်လို့နေ၏။

"မိုင်မိုင်း"

ဦးမြတ်သောက သူ့လက်ကောက်ဝတ်ကို အသာလေး ဖမ်းဆုပ်လာတော့လည်း မိုင်မိုင်း ရင်ခုန်နှုန်းတွေ မြန်လာပြန်သည်။

"တအားပူသွားလား...ကိုယ့်ကိုပြ"

ဦးမြတ်သောက နီရဲနေသည့် သူ့လက်ချောင်းထိပ်လေးတွေကို ကြည့်ပြီး ဘေစင်နားကို လက်ဆွဲခေါ်သွားသည်။

"နောက်ခါဆို ကိုယ်ခွင့်တောင်းပါ့မယ်"

သူ့လက်ပေါ် ရေဖွင့်ချပေးရင်း ပြောလာသည့် ဦးမြတ်သောရဲ့စကားကို သူနားမလည်သလိုလေး တုံ့ပြန်မိတော့ ဦးမြတ်သောက သူ့မျက်နှာကို စေ့စေ့ကြည့်၏။

မိုင်حيث تعيش القصص. اكتشف الآن