01 [Intro]

4.8K 399 19
                                    

Unicode |

Korea စံတော်ချိန် ညဆယ့်နှစ်ရီ မထိုးမီ
သုံးမိနစ်တိတိအလို... ,

ဖုန်းတွင်ချိန်ထားသော Countdown timerအား
ကြည့်ရင်း laptop ရှေ့တွင်
မလှုပ်မယှက်ထိုင်နေသော လူငယ်လေးတစ်ဦး.. ။

သူစောင့်ဆိုင်းနေသည်က
နောက်သုံးမိနစ်တွင် YouTube ပေါ်
တက်လာတော့မည့် Rapper AGUSTD ၏
သီချင်းအသစ်စက်စက်ကိုဖြစ်တော့၏။

ဒီတစ်ခေါက် comeback အတွက်
သူ့ရဲ့ goal ကို ပြည့်အောင်ဖြည့်ရန်
အသင့်စောင့်နေခြင်းပင်... ။

သီချင်း upload လုပ်လိုက်ပြီ ဆိုသည်နှင့်
ချက်ချင်းဖွင့် တစ်စက္ကန့်မဆိုင်း
လက်မ ဇောက်ထိုးကြီး ကို
အားရပါးရနှိပ်လိုက်ရသည်က
Anti-fan တစ်ယောက်ရဲ့
အကြီးမားဆုံးသော ပျော်ရွှင်မှု ... ။

ဟုတ်ပါသည်။
ဒီလူငယ်လေးက
Stage name - AGUSTD
အမည်ရင်း - Min Yoongi ဆိုသော
Rapper ရဲ့ အကြီးစား anti တစ်ယောက်ဖြစ်ပါသည်။

Min Yoongiရဲ့ comeback တိုင်းအတွက်
သူ့ရဲ့ goal ကတော့
ပထမဆုံးသော လက်မဇောက်ထိုးပိုင်ရှင်ကသူဖြစ်ဖို့ပါ။

မြန်ဆန်သော လက်တို့က
Social media ပေါ် တင်ကာကြွားနိုင်ရန်အလို့ငှာ
Dislikeနှိပ်ပြီးသည်နှင့် screenshotရိုက်ယူဖို့လည်း
ဆက်တိုက်လှုပ်ရှားပြီးသားပင်.... ။

ပြီးသည်နှင့် အခါခါလုပ်ဖူးနေကျအတိုင်းပင်
SNS accမှာ post တန်းတင်လိုက်တော့သည်။

Captionတွင်ထည့်ထားသော
Emoji သုံးခုအားကြည့်ရင်း
လူငယ်လေး မျက်လုံးလေးများ
ပျောက်သွားတဲ့အထိ နှစ်နှစ်ခြိုက်ခြိုက်
ပြုံးလိုက်သည်။

**တစ်ကယ်ကိုပဲ ငါနဲ့မလိုက်တဲ့ မျက်မှန်မရှိဘူး .. ငါသုံးထားတဲ့ emojiကတောင် မျက်မှန်အနက်လေးနဲ့ စတိုင်ကျနေရော အဟားဟား **

.
.
.
,

နောက်ထပ် မကြာသော မိနစ်ပိုင်းအတွင်းမှာပင်
Mr.Rapper AGUSTD ၏ blue mark ရထားပါသော
official Acc မှ ထိုpost အား
Like လုပ်ရင်း Yellow heart (💛💛💛) သုံးခု caption တပ်ကာ share သွားတော့သည်။

MV stream နေသော fanများ - (눈_눈)

hey!!
အဲ့တော့ငါတို့ကလက်မကို အတည့်ပေးရမှာလား?
ဇောက်ထိုးပဲပေးရမှာလား??
MV ကရော ဆက်stream ရဦးမှာလားဟင်????

Hey! Mr.Rapper, I'm your Anti-fan [YM]Where stories live. Discover now