part- 1(unicode)

16.4K 787 1
                                    

"သို့...ချစ်သူ''

Part- 1(အတိတ်သို့အလည်တစ်ခေါက်ရောက်ခြင်း)

#ပစ္စုပ္ပန်

"မင်းတို့သေချာစဉ်းစားပြီးကြပြီလား"

ထိုနေ့ကမောင်နှင့်ကျွန်တော့်ကိုလက်ထပ်ပေးခဲ့သောရှေ့နေကြီးကယနေ့တွင်သူတို့နှစ်ယောက်ရှေ့ကွာရှင်းစာချုပ်ချပေးရင်းမေးပါသည်။ကျွန်တော်တို့နှစ်ယောက်စလုံးဘာမှပြန်မပြောကြပါ။မောင့်ဖြေရှင်းချက်ကိုနောက်ဆုံးအချိန်ထိကြားချင်မိသော်လည်းမောင်ကဒူးပေါ်တွင်လက်နှစ်ဖက်ကိုတင်ပြီးဆုပ်ထားကာခေါင်းငိုက်စိုက်ကျ့နေသောကြောင့်သူတစ်ဖက်ကိုမျက်နှာလှည့်လိုက်ပါသည်။ဟက်..ဘာမှဖြေရှင်းစရာမလိုဘူးထင်တယ်ပေါ့။

"ရှောင်ဟွားလေးနှင့်ရီဟွားလေးတို့ကိုမစဉ်းစားကြတော့ဘူးလားကွယ်"

"ဟွားဟွားလေးတို့မှာသူလိုအဖေမလိုဘူး
ကျွန်တော်တစ်ယောက်တည်းမွေးနိုင်တယ်မား"

"ရှောင်းကျန့်!!''

မောင်လည်းသူလိုစိတ်ထိန်းထားရသည့်နှယ်မျက်နှာတစ်ခုလုံးရဲပြီးမျက်ခမ်းစပ်တွေရဲတွက်နေပါသည်။သူ့အထင်ဘဲဖြစ်မှာပါ။

"ဘာလဲ
ငါ့ကိုလက်ထပ်လိုက်ရလို့စိတ်ညစ်နေတယ်မလား
မင်းပျော်လိုက်တော့
ငါomegaဖြစ်နေလို့မင်းမုန်းနေတယ်မလား
ဒီနေ့ကစပြီးငါတို့မင်းရှေ့ကပျောက်ကွယ်သွားပေးမယ်''

"ရန်မဖြစ်ကြပါနဲ့တော့
စိတ်ဆုံးဖြတ်ထားပြီးရင်လည်းစာချုပ်မှာလက်မှတ်ထိုးလိုက်ကြပါတော့''

ရှေ့နေကြီးလည်းတားမရသည့်အဆုံးလက်လျော့လိုက်ပုံရပါသည်။ငါလည်းအဲ့လိုပါဘဲမောင်။နှလုံးသားကနာကျင်လွန်းလို့မင်းကိုလက်လျော့လိုက်ပါပြီ။ဘောပင်ကိုလှမ်းယူသည့်သူရဲ့လက်တွေကမသိမသာတုန်ရီနေသည်။မျက်ရည်တွေနှင့်ပြည့်နေသည့်သူမျက်လုံးကြောင့်စာချုပ်တောင်သေသေချာချာမမြင်မိ။နောက်ဆုံးတော့သူ့နေရာလေးမှာအောင်အောင်မြင်မြင်လက်မှတ်ထိုးနိုင်ခဲ့ပြီ။စိတ်ကိုဒုံးဒုံးချလိုက်တော့တင်းထားတဲ့မျက်ရည်တွေကပါးပြင်အနှံ့ကြွေဆင်းလာကြပါသည်။မောင်လက်မှတ်ထိုးမှာသူမမြင်လိုတော့ပါ။ထို့ကြောင့်မျက်လုံးသာမှိတ်ထားလိုက်ပါတော့သည်။သူ့မျက်လုံးတွင်တော့မောင်နှင့်သူတွေ့ဆုံပုံ၊သူတို့မှားယွင်းခဲ့သည့်အချိန်များ၊သူတို့လက်ထပ်ခဲ့သည့်အချိန်များသာအစီရီပေါ်လာပါတော့သည်။

သို့...ချစ်သူ(completed) Where stories live. Discover now