သို့...ချစ်သူ
Part- 14(မောင်ဟုခေါ်ခွင့်)
For zawgyi
"အန်တီ..ရှောင်ကျန့်ရော''
"ခွဲခန်းထဲမှာ
ဆရာဝန်တွေကတော့စိတ်ပူစရာမလိုဘူးပြောတယ်''ဒေါ်ရှောင်မီအစကတော့ဝမ်ရိပေါ်ကိုဒေါသထွက်မိသည်။မီးဖွားသည့်အချိန်တွင်တောင်အနားမှာရှိမပေးနိုင်သည့်ခင်ပွန်း၊ကျိုးချန်လေးရှိလို့သာတော်သေးသည်။
သူမအမြဲတမ်းထင်နေခဲ့တာကဝမ်ရိပေါ်ဟာရှောင်ကျန့်ကိုမချစ်မနှစ်သက်ဘဲသူမကိုမုန်းလို့သာယူထားရသည်ဟု၍။
ဆေးရုံကဝမ်ရိပေါ်သတင်းကိုသူမအမြဲတမ်းနားစွင့်သည်၊အေးစက်ပြတ်သားပြီးမိန်းမကိစ္စရှင်းသည်ဆိုမှစိတ်သက်သာမိသည်။
သူမလည်းပုထုစဉ်လူသားဘဲလေ၊သူမဝဋ်လည်မှာကြောက်လှသည်။အထူးသဖြင့်သူမရဲ့ကလေးအပေါ်ဝမ်ရိပေါ်ဖောက်ပြန်ပြီးရှောင်ကျန့်စိတ်ဆင်းရဲသွားမှာကို..။
အခုဝမ်ရိပေါ်ကနောက်ကျောတခုလုံးချွေးတွေရွှဲနေကာဝတ်ထားတဲ့အင်္ကျီတောင်ကပ်နေသည်။ခေါင်းငုံပြီးထိုင်နေသောကြောင့်မျက်နှာကိုမမြင်ရပေ။သို့သော်လည်းဆုပ်ကိုင်ထားတဲ့လက်တွေကတဆတ်ဆတ်တုန်ရီနေသည်။
"ရှောင်ကျန့်
လူနာစောင့်ရှိပါသလားရှင်''"ဆရာမဘာဖြစ်လို့လဲ''
"အော်..ဆရာဝမ်ရိပေါ်၊ဆရာကျိုးချန်
မင်္ဂလာပါရှင့်''"ရှောင်ကျန့်ယောက်ျားကဆရာပါ
သူဘာဖြစ်လို့လဲ''"သူဘာမှမဖြစ်ပါဘူးဆရာ
အကြီးက3kg
အငယ်လေးက2.4kg(low birth weight)ဘဲရှိတယ်ဆရာ
အာ့ကြောင့်ကလေးကိုneonateပို့မလို့အကြောင်းကြားတာပါ''"သူတကယ်ဘာမှမဖြစ်ဘူးမလား''
"မဖြစ်ပါဘူးဆရာ
ခဏနေရင်ပြီးတော့မှာပါ''"အေးအေး
ကျေးဇူးဘဲနော်''အခုမှဝမ်ရိပေါ်စိတ်အေးသွားရသည်။ခဏနေတော့ဆရာမနှစ်ယောက်ကကလေးနှစ်ယောက်ကိုယူလာပေးသည်။
အနှီးဖြူဖြူလေးတွေနဲ့ထုတ်ထားတဲ့ကလေးသေးသေးလေးနှစ်ယောက်ကိုကြည့်ပြီးသူ့ရင်ထဲမှာစမ်းချောင်းလေးစီးဆင်းသွားသည်။မိဘမေတ္တာဆိုတာဒါဘဲဖြစ်မယ်။
YOU ARE READING
သို့...ချစ်သူ(completed)
Fanfiction"သို့...ချစ်သူ" သို့...ချစ်သူ ငါတို့မုန်းခဲ့ကြပြီးပြီ ဝေးခဲ့ရဖူးသည်၊လွမ်းခဲ့ကြသည်.. အလွမ်းတွေကိုစာစီပြရရင်.. ငါမင်းကိုသိပ်ချစ်သည်ပေါ့ချစ်သူ... Start date - 26.8.20(Wed) End date - 30.9.20(W...