part-2(unicode)

8.4K 669 0
                                    

သို့...ချစ်သူ

Part-2(သူနှင့်တစ်wardတည်းကျပြန်ပြီလား)

Zawgyi

"Morning sir''

"အေး..အေး
မောနင်းကျန့်ကျန့်''

"မောနင်းအစ်မ''

"မောနင်းဆရာလေး''

"ဟျောင့်..ရိပေါ်
ဟိုမှာမင်းomegaလေးမဟုတ်လား

"ငါ့omegaမဟုတ်ဘူး''

ဟောက်ရွှမ်းကနှာခေါင်းရှုံရင်းပုခုံးတွန့်ပြပါသည်။ဟိုကောင်လေးကcorridorတစ်လျှောက်လုံးတွေ့သမျှလူကိုနှုတ်ဆက်ပြီးသူတို့နားရောက်တော့သူတို့ကိုလုံးဝနှုတ်မဆက်ဘဲမမြင်ချင်ယောင်ဆောင်ကာဆက်လျှောက်သွားပါသည်။တွေ့သမျှလူကိုလိုက်ပြုံးပြနေတာမုန်းလိုက်တာ။
လူတိုင်းသူ့ကိုဆိုအရေးပေးချင်ကြသလောက်သူကတော့လုံးဝဆန့်ကျင်ဘက်။အိမ်မှာဆိုလည်းDay offချင်းတူရင်တောင်ထမင်းစားချိန်လောက်သာတွေ့ကြတာမျိုး။တကယ်သူတို့လုံးဝမရင်းနှီးလာဘူး။

နံဘေးချင်းဖြတ်လျှောက်သွားတော့သူ့ဆီကရလိုက်တဲ့ရနံ့လေး။လုံးဝfreshဖြစ်ပြီးအမောကိုပြောသွားစေမယ့်ရနံ့မျိုး။သူမုန်းတဲ့ချိုအီနေတဲ့ရနံမျိုးမဟုတ်။

"ကလေးဆန်လိုက်တာomegaစုတ်လေး''

သူမသိလိုက်ဘဲသူနှာခမ်းတွင်တော့အပြုံးမမည်တဲ့အပြုံးတစ်ခုဖြစ်သွားကိုဟောက်ရွှမ်းကမြင်ဖြစ်အောင်မြင်လိုက်ပါသည်။

"မင်းပြုံးတယ်''

"ငါဘယ်မှာပြုံးလို့လဲ''

"ဟား..ဝမ်ရိပေါ်
မင်းဝန်ခံလိုက်စမ်းပါ
အခုနကရှောင်းကျန့်ဘေးနားကဖြတ်သွားတော့ပြုံးလိုက်တယ်လေ''

"ငါမပြုံးဘူး''

"ဟား..အေးပါ
အခုတော့ငြင်းထား
သူကမင်းရဲ့တစ်စုံတစ်ယောက်ဖြစ်လာမှာကိုတော့ငါမြင်ယောင်ပါသေးတယ်''

"ဘာမှဖြစ်မလာဘူး''

....... ......... .......................

ရှောင်းကျန့်wardထဲရောက်တော့အဝတ်လဲခန်းတွင်uniformဝင်လဲလိုက်ပါသည်။
သူ့ကိုယ်သူမုန်းလိုက်တာ။ဘာလို့အဲ့တျောက်နားရောက်ရင်ကိုရင်တွေတုန်ပြီးအားမရှိချင်သလိုဖြစ်နေရတာလဲ။ဒါကြောင့်ဘဲသူနဲ့မတွေ့အောင်အတတ်နိုင်ဆုံးရှောင်ပါသည်။

သို့...ချစ်သူ(completed) Where stories live. Discover now