Part- 23(ရှောင်ကျန့် heat တက်ပြီ)

11.6K 875 6
                                    

သို့..ချစ်သူ

Part- 23(ရှောင်ကျန့် heat တက်ပြီ)

For zawgyi

ရှောင်ကျန့်ဝမ်ရိပေါ်နဲ့ကွာရှင်းတော့မယ့်အကြောင်းမားကိုပြောပြလိုက်သည်။သူ့ဘဝတစ်သတ်တာမှမားဒီလိုဖြစ်သွားတာတစ်ခါမှမမြင်ဖူးခဲ့။မားငိုသည်။သူဝဋ်လည်ပြီတဲ့။အမှန်တကယ်ကမားဝဋ်လည်တာမဟုတ်ဘဲကျွန်တော်ဝဋ်ကြွေးကျေသွားတာပါ..။

မောင့်ကိုသူသိပ်ချစ်ခဲ့ဖူးသည်။အခုထက်ထိချစ်နေသေးသည်။မောင်ဟာအထက်တန်းကျောင်းသားဘဝနေအခုထက်ထိသူ့အပေါ်လွှမ်းမိုးနိုင်မှုရှိခဲ့သည်။

အချစ်တဲ့။သိပ်လှလွန်းတဲ့စကားလုံးပါဘဲ။ငယ်ရွယ်စဉ်ဘဝဆယ်ကျော်သက်ရင်ခုန်သံကသိပ်လှပခဲ့သည်။ထိုစဉ်ကတည်းကသူ့ကြောင့်ဘဲအချစ်ကိုခံစားတတ်လာပြီးပျော်ရွှင်မှု၊စိတ်ကူးယဉ်မှု၊ဝမ်းနည်းမှုတွေကိုလည်းခံစားတတ်လာခဲ့သည်။

သို့သော်လည်းအချစ်ရဲ့အဆုံးသတ်မှာလမ်းခွဲမှုဆိုတဲ့ခါးသီးမှုတွေရှိလာတဲ့အခါထိုအချစ်ကြောင့်ဘဲသူတို့နာကျင်ခံစားခဲ့ရသည်။သူ့အချစ်ကတသက်မှာတစ်ယောက်တည်းမို့မောင့်ကိုချစ်တဲ့အချစ်တွေကတော့ပြောင်းလဲသွားမှာမဟုတ်ပေ။

အစကတည်းကသူဟာဝင်ကစွပ်မို့ပိုင်ရှင်ပြန်ရောက်လာတဲ့အခါဖယ်ပေးရမှာပင်။မောင်တို့မိသားစုအတွက်အကောင်းဆုံးရွေးချယ်မှုကတော့သူတို့နှစ်ယောက်လမ်းခွဲဖြစ်ကြဖို့။

မောင်ဟာဒီအတောတွင်းသူ့ဆီကိုနေ့တိုင်းရောက်လာပါသည်။မောင်လာရင်တံခါးမဖွင့်ပေးဖို့မှာထားသောကြောင့်မောင်လည်းပြန်သွားရရှာသည်။မားကလည်းဒီနေ့သူပြောမှဒီအကြောင်းသိရှာသည်။မောင်အိမ်ကိုဖွင့်မပြောတာကလည်းမိဘတွေစိတ်ဆင်းရဲမှာစိုးလို့ဖြစ်မည်။

မောင်ဟာနည်းမျိုးစုံနှင့်သူ့ကိုရှင်းပြဖို့ကြိုးစားခဲ့သည်။သူဟာမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသူမို့မောင်ဘာပြောပြောမယုံကြည်ခဲ့ပါ။

"ကလေးတွေကိုဘယ်လိုလုပ်မှာလဲကျန့်ကျန့်''

"အုပ်ထိန်းခွင့်ကိုသားရအောင်ယူမှာပါမား..
မောင်ကအလုပ်များတယ်လေ..
မောင့်မိန်းမကကလေးတွေကိုမကြည်ဖြူဖြစ်မှာသားမလိုချင်ဘူး''

သို့...ချစ်သူ(completed) Where stories live. Discover now