Part- 16(WYB's day)

8.7K 779 7
                                    

သို့....ချစ်သူ

Part- 16(WYB's day)

For zawgyi

ရှောင်ကျန့်မနေ့ကမောင်သောင်းကျန်းထားသည့်အရာများကိုရှင်းနေလိုက်သည်။မြန့်မြန့်ကိုမခိုင်းတာကသူတို့အခန်းကိုမည်သည့်သူစိမ်းဝင်တာကိုမှမကြိုက်၍ဖြစ်သည်။မနေ့ညကထိမောင်သူ့ကိုစကားမပြော။

မနက်ကမောင့်မျက်လုံးထဲမှာအရင်ကတွေ့ဖူးနေကြသူစိမ်းဆန်ဆန်မျက်ဝန်းများကိုပြန်တွေ့လိုက်ရသည်။သူအလိုက်သိပါသည်။မောင့်စိတ်ထဲမှာတစ်ခုခုဖြစ်နေမှန်းသူသိပါသည်။အာ့ကြောင့်မောင်မဖြေချင်တာကိုသူအတင်းမမေးတော့ပါ။

လူနာအများကြီးနဲ့ဆက်ဆံဖူးသူမို့သူတို့စကားတခွန်းဟတာနဲ့ဘာဖြစ်နေတယ်ဆိုတာကိုခန်းမှန်းနိုင်တာကလည်းအလုပ်ကရခဲ့သည့်အတွေ့အကြုံများကြောင့်ပင်။

မောင်ကသားလေးတွေကိုတော့တော်တော်ချစ်ပါသည်။သူများတွေရှေ့မှာဆိုပြုံးခဲသလောက်ကလေးတွေနဲ့ဆိုအမြဲတမ်းပြုံးနေတတ်သည်။
မောင့်အပြုံးကလှလွန်းလို့မောင့်ကိုသာအမြဲငေးကြည့်ချင်နေမိသည်။

"အဲ့..အဲ့''

သူအလုပ်ရှုပ်နေတုန်းပုခက်ပေါ်မှရှောင်ဟွားလေးနိုးလာခဲ့သည်။သားနှစ်ယောက်မှာရှောင်ဟွားလေးကဗီဇကောင်းသည်ဟုဆိုရမှာပင်။သိပ်မငိုသလိုဂျီလည်းမကျ။ဗိုက်ဆာရင်ငိုပြီးရှူးပေါက်ချထားလျင်၊အီးအီးပါထားလျင်လောက်သာအော်ငိုတတ်သည်။

ဆန့်ကျင်ဘက်အနေနဲ့ရီဟွားကသိပ်ဂျီကျသည်။သူ့ကိုသိပ်ကပ်သည်။အိပ်ချိန်မှလွဲ၍လက်ပေါ်ကချမရ။သူရှိနေလျင်သူ့daddyနဲ့တောင်မလိုက်။သူ့ကိုမမြင်မှတခြားသူတွေချီလို့ရသည်။

"အာ..အလိမ္မာတုံးလေး
နိုးပြီလား''

သူရှောင်ဟွားလေးကိုပုခက်ပေါ်ကပွေ့ချီလိုက်သည်။
Diaperကိုကြည့်လိုက်တော့အီးပါမချထား။

"ရှူးပေါက်ရအောင်
ရှူး.......''

သူကတော့ကလေးတွေကိုအခုကတည်းကbowel trainပေးဖြစ်သည်။တစ်လသားအရွယ်ပေမယ့်သူကတော့trainပေးသင့်သည်ဟုထင်သည်။

"ခ်ခ်ခ်''

"မရယ်နဲ့''

"ခ်ခ်''

သို့...ချစ်သူ(completed) Where stories live. Discover now