Part- 13(ရှောင်ဟွား၊ရီဟွား)

9.2K 894 5
                                    

သို့...ချစ်သူ

Part- 13(ရှောင်ဟွား၊ရီဟွား)

ရိပေါ်ကိုရင်းစုစုနဲ့အမြဲမြဲလိုလိုတွဲတွေ့နေရတယ်တဲ့။သူတို့လက်ထပ်ထားသည့်အကြောင်းကိုဆေးရုံမှာဆေးရုံအုပ်ကြီးရယ်၊မာမီရယ်၊သူ့သူငယ်ချင်းတွေအပြင်ဘယ်သူ့မှမသိကြ။

ရိပေါ်ကလည်းဘယ်သူ့မှလျှောက်ပြောမှာမဟုတ်သလိုသူကိုယ်တိုင်ကလည်းရိပေါ်ဟာသူယောက်ျားပါဟုမာနတိုင်တက်ပြနေမှာမဟုတ်ပေ။

အခုလည်းယွဲ့ယွဲ့ကရိပေါ်ကိုရင်းစုစုနဲ့cafeဆိုင်မှာတွေ့ခဲ့သည်ဟုဓာတ်ပုံနှင့်တကွပို့လာခဲ့သည်။အိမ်မှာမျက်စိမှိတ်နားပိတ်မနေနဲ့တဲ့။
နင်တို့အိမ်ထောင်ရေးအဆင်ပြေရဲ့လားတဲ့။အမြဲလိုလိုမေးခွန်း။

Cafeဆိုင်ထိုင်တာဘဲဘာဖြစ်လဲ။သူအိမ်ပြန်တာနောက်ကျတာကလွဲလို့သူတို့အိမ်ထောင်ရေးအဆင်ပြေတာဘဲမဟုတ်လား။သူကသိပ်သနားစရာများကောင်းနေသလား။

တစ်လတစ်ခါOGနဲ့သွားပြတိုင်းသူလည်းသူများတွေလိုယောက်ျားလိုက်ပို့တာခံချင်တာပေါ့။ရိပေါ်ကအလုပ်များတယ်၊ဆေးရုံဆင်း၊သင်တန်းတက်နဲ့သူအရမ်းပင်ပန်းနေတာသူသိသည်။

သူဆိုတဲ့ရှောင်ကျန့်ဟာလည်းဖုန်းခေါ်တာမကြိုက်ဟုပြောတဲ့နေ့ကတည်းကရိပေါ်ဆီကိုဘယ်တော့မှမဆက်ဖြစ်တော့ပေ။

Twinsတွေမို့သူများတွေထက်ပိုဂရုစိုက်ရ၊ပိုပင်ပန်းရသည်။ကန်တာတွေပိုစိတ်လာသည်။ညဘက်ဆိုလည်းရှူးတွေခဏခဏထပေါက်ရသည်။အမွှာလေးတွေမို့ဗိုက်ကသူများထက်ကြီးကာထိုင်ရထရခက်သည်။

မြန့်မြန့်တစ်ယောက်အားကိုးရလို့တော်သေးသည်။

ရှောင်ကျန့်4G ultrasoundလေးထက်ကသားလေး၂ယောက်ပုံကိုကိုင်ပြီးပြုံးမိသည်။

'ချစ်လိုက်တာပါးပါးကလေးတို့ရေ'

အောက်ကသားလေးကတော့အပေါ်ကအစ်ကိုကြီးဖိတာခံနေရသည်။ဆရာဝန်ကတော့low birth weight ဖြစ်ဖို့များတယ်တဲ့။

သူကျိတ်မှိတ်သည်းခံပြီးအစားတွေအများကြီးစားသည်။လမ်းမှန်မှန်လျှောက်သည်။ဆေးတွေလည်းမှန်မှန်သောက်သည်။Antenatal careသေချာယူသည်။

သို့...ချစ်သူ(completed) Where stories live. Discover now