Part- 22(ကွာရှင်းကြရအောင်)

10.9K 873 17
                                    

သို့...ချစ်သူ

Part- 22( ကွာရှင်းကြရအောင်)

For zawgyi

ဒီနေ့ဝမ်ရိပေါ်ရှောင်ကျန့်နဲ့အဆက်အသွယ်မရတာ၅ရက်ရှိပြီ။ဒီ၅ရက်လုံးသူကောင်းကောင်းအိပ်မပျော်ခဲ့။နေရာတိုင်းအလိုလိုရှောင်ကျန့်ပုံရိပ်တွေနဲ့ပြည့်နေသည်။အရင်ကမနက်အိပ်ရာထချိန်ကနေညအိပ်ရာဝင်ချိန်ထိရှောင်ကျန့်ရဲ့အပြုံးတွေ၊အပြုအမူတွေ၊စကားသံတွေနဲ့ပြည့်စုံခဲ့သည်။

ကလေးတွေရဲ့ငိုသံ၊ကလေးတွေရဲ့ရယ်သံတွေ၊ရှောင်ကျန့်ရဲ့ချော့မြှူသံတွေကအခုတော့ပုံရိပ်ယောင်ပမာ။
လွမ်းသည်၊သူအထီးကျန်သည်။သူဟာဘယ်လောက်ဘဲdominant alphaတစ်ယောက်ဖြစ်နေပါစေစိတ်ဓာတ်ကျနေတော့အရာရာအဆင်မပြေ။

အပိုစကားတွေမပြောတတ်တဲ့သူကပုံမှန်ထက်ပိုပြီးစကားနည်းသွားသည်။မျက်နှာကြီးတည်တင်းနေလို့သူ့ဝန်ထမ်းတွေတောင်ဟိုက်ခွမ်းကောဆီမှတဆင့်ပြန်တင်ပြကြရသည်။မရိတ်ဘဲထားတဲ့မုတ်ဆိတ်ငုတ်တိုလေးတွေတောင်ကျိုးတိုးကျဲတဲထွက်လာကြပြီ။

ရှောင်ကျန့်ပြောတော့သူ့ကိုချစ်တယ်တဲ့။သူ့ရှင်းပြချက်လေးတောင်နားမထောင်ဘဲရှောင်ပြေးသွားခဲ့သည်။

'ချစ်တယ်လို့တဖွဖွမပြောတတ်တဲ့မောင့်ရင်ထဲကိုမင်းဝင်ကြည့်ခဲ့လို့လားကွာ'

အခုတော့ဒီအိမ်မှာသူတစ်ယောက်တည်း။ပထမဆုံးသူအမေသူ့ကိုထားခဲ့သည်။အခုတော့သူ့မိသားစုကပါသူ့ကိုထားသွားခဲ့သည်။

"တီ..တီ..တီ''

"ဟယ်လို..ဟိုက်ခွမ်းကော ''

"ရိပေါ်..
မင်းစုံစမ်းခိုင်းထားတာရပြီ''

"သူဘယ်မှာလဲကော''

ရိပေါ်လဲနေရာကနေထထိုင်လိုက်သည်။

"ငါဝမ်ကျိုးချန်နဲ့ယွီပင်း e-mail accကို hackလိုက်တာရှောင်ကျန့်စာပို့ထားတာတွေ့တယ်
နေရာကxxx...
မင်းတို့အေးဆေးဆွေးနွေးကျ
ရှောင်ကျန့်ကိုမင်းအိမ်ပြန်ခေါ်လာနိုင်လိမ့်မယ်လို့ကောယုံတယ်''

ရိပေါ်ကားဆီကိုပြေးလာကာထိုနေရာသို့အမြန်မောင်းလာခဲ့သည်။ရှောင်ကျန့်ကသူနဲ့ပတ်သတ်တဲ့ဖုန်းနံပါတ်တွေရော၊e-mail address တွေပါချိန်းလိုက်ကာသူ့ကိုရှောင်ပြေးသွားသည်။

သို့...ချစ်သူ(completed) Where stories live. Discover now