Chapter 3 🖤 [U]

645 51 2
                                    

"ရိပေါ်ရော ?"

"ငါကသိရမှာလား"

"တအိမ်ထဲတွေလေ အာ့ကြောင့်မေးကြည့်တာကို "

တော်ရုံနဲ့ရပေါ်ရောက်မလာတော့ ဟောက်ရွှမ်းကရိပေါ်ကိုမေးနေခြင်းဖြစ်သည်။အခုက ရိပေါ်နဲ့ဟောက်ရွှမ်းတို့ရဲ့တွဲဖော် ဖန်ရှင်းမွှေးနေ့ဖြစ်သလို ရှောင်ကျန့်သူငယ်ချင်း ကျိရန်ရဲ့မွေးနေ့လဲဖြစ်တယ်။ ကျိရန်နဲ့ဖန်ရှာင်တို့က ချမ်းသာတဲ့အသိုင်းအဝိုင်းကမို့ မွေးနေ့ပွဲကို အပန်းဖြေအိမ်တခုလုံးငှားပြီး ပေါင်းလုပ်ကြတယ်။

ညလုံးပေါက်ပါတီလုပ်ပြီး ကဲဖို့စီစဉ်ထားပေမယ့် ဟိုအကောင်ရိပေါ်ကရှောက်မလာသေးတော့ စိတ်ကမရှည်ချင်တော့။ နောက်ပြီး စီနီယာကျိရန်ကိုလည်း ဖွင့်ပြောဖို့လုပ်ထားသည်။ ဖြစ်ချင်တော့ အဲ့ငမွှေထိုးက မွေးနေ့လက်ဆောင်ပေးမယ့် လက်စွပ်ကိုယူသွားလေရဲ့။

"ဒီကောင် ငါ့အစီအစဉ်တွေကိုရိုက်ချိုးနေတာလား?"

"ဟောက်ရွှမ်း!!"

ရိပေါ်အသံကြားမှစိတ်ဒုန်းဒုန်းချနိုင်ဆော့သည်။

"ဘာလို့အဲ့လောက်နောက်ကျနေရတာလဲ
စီနီယာရှောင်ကျန့် တောင်ရောက်နေတာကြာပေါ့ မင်းမလာတော့ဘူးထင်လို့ စိတ်ပူနေတာ"

"ဘရို မင်းငါ့ကိုအဲ့လောက်ချစ်မယ်မှန်းထင်မထားဘူး "

"ချီးပဲ...ပေးငါ့လက်စွပ် မင်းစောင့်နေတယ်ထင်နေလားနော်"

"အေးပါဟာ မင်းကလဲ"

"ဒါနဲ့ဘာလို့နောက်ကျနေတာလဲ"

ရိပေါ်ဘေးနားကရှောင်ကျန့်ကို စူးစူးဝါးဝါး ကြည့်ပြီး မကြားကြားအောင်မသံမြှင့်ကာပြောလိုက်သည်။

"ယုန်ကိုက်လို့ဟေ့ နောက်တခါတွေလို့ကတော့ အဲ့ယုန်ကို နားရွက်ကကိုင်ပြီးအရေခွံခွာပစ်မယ်"

"ယုန်ကကိုက်တတ်လား"

"ကိုက်တတ်ပ ရှေ့သွားနှစ်ချောင်းနဲ့ နှနှုတ်ခမ်းအောက်မှာမှဲ့တောင်ပါသေးတယ်"

ပွဲက အိမ်ရှေ့ကခြံထဲမှာဖြစ်ပြီး အသီးသီးစားကြသောက်ကြနှင့်ပျော်ပျော်ရွှင်ရွှင် ပါတီကိုကျင်းပြနေကြသည်။လူပေါင်းငါးဆယ်လောက်ရှိပြီးခြံထဲမှာ ယောက်ယှက်ခပ်နေကြသည်။

Russian Roulette(ရပ္နား)Where stories live. Discover now