Chapter 11 🖤[U]

460 40 3
                                    

နိုးလာတော့ညနေပင်စောင်းနေပြီ။ ရင်ခွင်ထဲကနှာလုံးလေးကတော့ အိပ်မောကျနေဆဲ။

မနက်ကအကြောင်းလေးကိုပြန်တွေးရင်း ရှောင်ကျန့် ပြုံးလိုက်မိသည်။ တဆက်ထဲ စိတ်ဆိုးမှာလိုလည်းစိတ်ပူမိနေသေးသည်။

ရိပေါ်ရဲ့နှာခေါင်းလေးကိုအသဲယားစွာ ပွတ်သပ်နေမိသည်။ ပြီးနှောက်အိပ်ယာကမထချင်ထချင်ထရသည်။ ထိုအစိမ်းလုံးလေးနိုးလာရင် ဆာနေလောက်မှာသေချာသည်။ မနက်ကတည်းကတနေ့လုံးဘာမှမ‌စားရသေဘူးလေ။

နှဖူးလေးကိုတချက်နမ်း ကာအိပ်ယာပေါ်ကဆင်ပြီး ချက်ပြုပ်ပြင်ဆင်ရတော့သည်။ ထိုကောင်လေးကတော့ အိမ်မက်ကမ္ဘာထဲမှာလက်ပစ်ကူးနေဆဲ။

နေပင်ဝင်တော့မည်။ အနှီအစိမ်းလုံးလေးမှာ နိုလာမည့်ပုံမပေါ်။ တနေ့လုံးဘာမှမစားရသေး၍ တခုခုစားခိုင်းမြှဖစ်သည်။

ခုတင်နှင့်မျက်နှာချင်း‌ဆိုင် ခုံပေါ်မှာ မေးထောက်ကြည့်နေရင်းကနေ သူ့အစိမ်းလုံးလေးကို နိုးဖို့ ထလာလိုက်သည်။

အိပ်တာများလို့ကော၊ ငိုထားတဲ့ အရှိန်နဲ့ပါ ပေါင်းပြီးမျက်လုံးလေးတွေ ၊ ပါးလေးတွေကဖောင်းမို့နေသည်။ အသဲယားလွန်းလို့ ပြေးကိုက်ချင်တဲ့စိတ်ကို သေချာထိန်းနေရသည်။

ပုခုံးလေးကိုအသာကိုင်ပြီးလှုပ်နိုးလိုက်သည်။

"ရိပေါ်..ရိပေါ် ထတော့..ထတော့လို့"

"အင်းးးးးးးးးးး" ပြန်ဖြေတာမဟုပ်ဘဲ ငြီးလိုက်တာဖြစ်မည်။

တလှုပ်လှုပ်‌နဲ့ထဖို့အရှိုန်ယူနေတဲ့ ရိပေါ်ကို ပြုံးပြုံးကြီးမေးထောက်ကြည့်နေသည်။

မျက်လုံးဖွင့်ဖွင့်ချင်း သူ့ကိုမေးထောက်ကြည့်နေတဲ့ ရှောင်ကျန့်ကိုမြင်တော့ တဖြည်းဖြည်း နားလေးတွေရဲလာသည်။

ဒီကောင်လေးနေတောင်မဝင်သေးဘူး အတွေးတွေကမှောင်နေပြီလား။

"လာထ ထမင်းစားရအောင်" ပြောလဲပြောထလည်းထာလိုက်သည်။

ရှောင်ကျန့်ထပြီးမှရိပေါ်ထာထိုင်လိုက်သည်။ မေ့သွားတာက အပြစ်အကြီစကြီးလုပ်မိလိုက်တာပဲ။ စူးကနဲ အောင့်လာတဲ့ အောက်ပိုင်စတနေရာကြောင့် ဘုန်းကနဲ့အိမ်ယာပေါ်ကိုသာပြန်လဲကျသွားသည်။

Russian Roulette(ရပ္နား)Opowieści tętniące życiem. Odkryj je teraz