Chapter 13🖤[U]

494 46 9
                                    

"ရိပေါ် ကြည့်စမ်း သူတို့နှစ်ယောက်က လိုက်ဖက်လွန်းမနေဘူးလား"

အခန်းထဲကနေ စကားလေးတပြောပြောနဲ့ထွက်လာသော ကျန့်ကောနဲ့ ကျဲရီရီတို့ကထွက်လာသည်။
ဟူးးးးးး
မြင်ရတာရင်ထဲနာလိုက်တာ

"ဘာလို့လဲ?"

"မေးကြည့်တာလေဟယ် နင်ကလဲ"

"အော်......
ဒါနဲ့ အဲ့ကျဲရီရီက ဘာလဲဟင်"

"အာ ဟုပ်သားပဲ ရိပေါ်ကသိအုံးမှာမဟုတ်ဘူးနော်"

"သူကရုံးချုပ်ရဲ့ပြည်ပကိုယ်စားလှယ်တနှစ်တခါလာစစ်ဆေးတတ်တယ်
သူနဲ့ကျန့်ကောက အရင်ကတည်းက သိတဲ့သူတွေလေ အရမ်းခင်တဲ့ပုံပဲ
မထင်ရငနတ်ဖက်တဲ့စုံတွဲလိုပဲ"

"ဘာကနတ်ဖက်တဲ့စုံတွဲလဲ"

"ကျန့်ကော!!!!"
"မန်နေဂျာရှောင်!!!" အချိန်ကိုက်ရောက်လာသော ကျန့်ကောနဲ့ဟိုတယောက်

"နောက်တခါ ရှောက်မပြောပါနဲ့ အခုဧည့်သည်ကိုအားနာစရာတြွေဖစ်သွားပြီမို့လား"

"မဟုတ်တာ ရှောင်ကျန့်ကလဲ သူတို့လည်းစတာပါ နင်ကလဲစိတ်ချည်းပဲ
မသိဘူး နင်တို့မန်နေဂျာက လက်ထပ်ပြီးပြီ"

".............." အကုန်လုံးမေးရိုးတွေအောက်ပြုတ်ကျကုန်သည်။ရိေပေါ်လည်းလန့် သွားတာအမှန်ပဲ" တကယ် ကျဲကသူနဲ့ယူထားတာသိနေတာလား။ ငါ့ကိုမုန်းနေမှာပဲ သူချစ်သူကို

"အထက်တန်းဖြေပြီးပဲ သူလက်ထပ်သွားတာ အမလည်းအဲ့ဒါပဲကြားတယ် ဘယ်ကံကောင်းတဲ့မိန်းကလေးကများ ရှောင်ကျန့်ကိုပိုင်ဆိုင်နိုင်ပါလိမ့်နော်
အမြဲဝှက်ထားတယ် ဟွန့်"

"အဲ့လိုမဟုတ်ပါဘူး"

"တော်စမ်းပါ အဲ့ဆိုခေါ်လာပြလေ နင့်မိန်မကို အခုတော့အမြဲ လူပျိုကြီးလိုလာလုပ်နေတယ်"

"တကယ်သိချင်တာလား ငါ့နဲ့လက်ထပ်တဲ့သူကို"

အကုန်လုံး သိချင်နေတဲ့ အရောင်လဲ့လဲ့မျက်ဝန်းတွေနဲ့ ရှောင်ကျန့်ကို ဝိုင်းကြည့်လာကြသည်။ရှောင်ကျန့် တချက်ရယ်လိုက်ပြီး ရိပေါ်ဘက်လှည့်လိုက်သည်။

"ဟားဟား
ရိပေါ်
သူက အကိုနဲ့လက်ထပ်ထားတဲ့သူပဲ"

"......."
"........"
"........."

...

"ဘာလို့ပြောလိုက်တာလဲ?"

အိမ်ရောက်ရောက်ခြင်းပြောလိုက်တာ ဒီစကားလား။ ဘာလို့လဲ။ ဒီတိုင်း မင်းကကို့ကိုပိုင်တယ်ဆိုတာ အားလုံးကိုသိစေချင်ရုံပါ။ ဒီလောက်နှစ်တွေကြာလာတာတောင် မင်းကငါ့စိတ်ကို မသိသေးဘူးလား။

အပေါ်ကုတ်ကို ချွတ်ကာ ဆိုဖာပေါ်ကိုဝငိုင်လိုက်သည်။

"မကြိုက်ဘူးလား
တောင်းပန်ပါတယ် ကို‌့ကြောင့်စိတ်အနှောက်အယှက်ဖြစ်တော့မယ်"

"ကျန့်ကော!"

"..."

"ဒီတိုင်း တခုခုကိုရှင်းရှင်းလင်းလင်းလုပ်ကြ ရအောင်လား"

"အွန်း
မင်းကဘာကို မရှင်းနေလို့လဲ"

"‌ကျ‌န်‌့ကော နောင်တရလား"

"ဘာအတွက်လဲ"

ဆိုဖာကိုမှီထိုင်ရင်း မျက်လုံးမှိတ်ပြီး ပြန်ဖြေနေတဲ့ ကျန့်ကောကတကယ်မုန်းချင်စရာကြီး။

"အခုလိုနေနေရတဲ့ အတွက်လေ
တောင်းပန်ပါတယ် ကျနော်ကြောင့်"

"ဝမ်ရိပေါ် !!!!"

ရှောင်ကျန့်ရဲ့အော်သံကြီးက ဟိန်းထွက်သွားသည်။ စူးရှတဲ့မျက် ဝန်းတစုံကပွင့်လာပြီး ရိပေါ်ကို စိုက်ကြည့်လာသည်။

"မင်းပြော ငါကအဲ့လိုကောင်လား
ဟင်!!!!!!"

"ကျန့်ကော..."

"ဟုတ်တယ် မင်းကြောင့် အကုန်ပျက်ဆီးခဲ့ရတာ
အကုန်မင်းတုံးအနေလို့ချည်းပဲ
ငါ့ဟိုးအရင်တွေကတည်းက မင်းပဲ
မင်းပဲလို့!!!!!!!
ဘာလို့နားမလည်နိုင်ရတာလဲ  ဟမ်ဘာလို့နားမလည်နိုင်ရတာလဲ"

ရှောင်ကျန့်‌ လက်တွေက ဘယ်အချိန်က ရိပေါ်ပုခုံးပေါ်ရောက်နေမှန်းမသိ။ အရူးတယောက်လို လှုပ်နေမိသည်။

"ကျန့်ကော....."

တိုလျှပြီး ငိုသံစွပ်နေသော အသံလေးကြောင့် တိတ်ဆိတ်သွားသည်။

"‌ေးမငိုပါနဲ့
ကိုဆောင်းပန်တယ်နော် မငိုနဲ့တော့
ကိုမှားသွားတယ် ကိုမင်းကိုမအော်သင့်ဘူး
တောင်းပန်ပါတယ်
မငိုနဲ့တော့နော်
နော်"

"ကျန့်ကော သိလား
ကျနော် ကျန့်ကောကို ချစ်တယ်
ဟိုးအရင်တွေကတည်းက
မချစ်သင့်မှန်းသိပေမယ့်
ကျနော်ကျန့်ကောကိုချစ်တယ်
ကျွန်တော်ကျန့်ကောကို ချစ်လို့ဖြစ်တယ် မို့လား"

"ဘာလို့မဖြစ်ရမှာလဲ အရူးလေးရဲ့"

2570words
6.10.2020

Russian Roulette(ရပ္နား)Where stories live. Discover now