Chapter 4 🖤[U]

564 51 6
                                    

ခေါင်းရင်းက ပြတင်းပေါက်ကနေတဆင့် နေရောင်စူးစူးက မျက်နှာပေါ်ကိုကျရောက်လာခဲ့သည်။ ပြန့်ဖြူ းနေတဲ့ မျက်ခုံးလေးတစုံကတွန့်ချို းလာခဲ့သည်။ နေရောင်စူးစူးကို အံတုရင်း ရိပေါ်နိုးထလာခဲ့သည်။

ထဖို့ကြိုးစားလိုက်တော့ စူအောက်လာတဲ့ အောက်ပိုင်းတနေရာကြောင့် ဘုန်းကနဲပြန်လဲကျသွားသည်။ အသံကြောင့် ဘေးနာအိပ်နေတဲ့သူက နိုးလာခဲ့သည်။

ဘာဖြစ်ခဲ့တာတုန်း
ငါဘာမှမသိဘူး
ငါဘာမှမမှတ်မိဘူး
မဟုပ်မှလွဲရော ဒီအခြေအနေ
ဒီအခြေအနေက မေးစရာမလိုအောင်ကို သိသာနေပြီ

"ရိပေါ်.."

"ရိပေါ်လို့.."

"ရိပေါ်..ကော.ကောလေ"

"ခန .."

ဝညာည်လွင့်နေသလို တနေရာထဲကိုစိုက်ကြည့် ပြီးကြောင်ကြောင်တောင်တောင် ထိုင်ထိုင်နေတဲ့ ရိပေါ်ကို အသာလေးခေါ်နေမိသည်။ တကယ်မုန်းများသွားပြီလား လို့စဉ်းစားမိတော့ ခေါင်းတခုလုံးပူထူလာသည်။

ရိပေါ်ဘက်ကတုန့်ပြန်မှုကို ရှောင်ကျန့် စိတ်ရှည့်ရှည်နဲ့စောင့်နေမိသည်။

တော်တော်ကြာအောင် တနေရာထဲကိုသာစိုက်ကြည့်ပြီး ထိုင်နေပြီးမှ နောက်ဆုံးရိပေါ်ထရပ်လိုက်သည်။ ဖြည်းဖြည်းချင်းထရပ်လိုက်သော်လည်း ညကကြမ်းထားတဲ့ဒါဏ်ကြောင့် ယိုင်ယိုင်သွားသည်။ ရှောင်ကျန့် ဆွဲပေးဖို့လှမ်းလိုက်ပေမယ့် ရိပေါ်ရဲ့စကားကြောင့် လက်တွေက လမ်းတဝက်မှာတင်ရပ်တန့်သွားရသည်။

"ကျနော်ကော ခင်ဗျားကော ယောက်ျားလေးတွေပဲ ဘာမှမဖြစ်ခဲ့သလိုပဲထားလိုက်ရအောင်"

ပြောပြီး အကျီဝတ်ကာထွက်သွားတဲ့ သူ့ကိုဆွဲမထားမိ

...
အဲ့ဒီနေ့ကစပြီး ကျန့်ကောကိုသိသိသာသာရှောင်နေခဲ့တာတပါတ်ပင်ရှိ‌နေ ပြီဖြစ်သည်။ တအိမ်ထဲနေပြီးမတွေ့အောင်ရှောင်ရ‌တာလွယ်တဲ့ ကိစ္စဆော့မဟုပ်။ မနက်အစောကြီးထပြီး သူမနိုးခင် ကျောင်းသွားရတာ အရမ်းပင်ပန်းသည်။ ကျန့်ကောနဲ့‌မျက်နှာချင်းမဆိုင်ချင်သေးဘူး။

Russian Roulette(ရပ္နား)Wo Geschichten leben. Entdecke jetzt