Chapter 10🖤[U]

477 42 3
                                    

သာသာယာယာရှိလှတဲ့မနက်ခက်းကိုတောင်နိုးနိုးချင်း မခံစားနိုင်ဘူး။ စူးအောင့်လာတဲ့တစုံတခုကြောင့်လေ။ဒါပေမယ့် တအားအဆိုးကြီးတော့မဟုပ်ပါ့လား။ အရင်တခေါ်က်တုန်းကထက်စာရင် တော်တော်အခြေအနေကောင်းနေတယ်။

တွေးမိတော့မှ ၊ညကသူတော်တော်လေးဆိုးခဲ့တာပဲ ကျန့်ကောလက်ကိုဆွဲပြီး သူ့ဘက်ကစ။တရိပ်ရိပ်နဲ့ ညကအဖြစ်အပျက်တွေက ပေါ်လာသည်။သူတော်တော်လေးဖြစ်ခဲ့တာပဲ။
အားးးးးး ရှက်လိုက်တာ ကျန့်ကောကိုဘယ်လိုမျက်နှာပြရပါ့

အတွေးတွေကိုရပ်ကာ ထထိုင်လိုက်သည်။ညဝတ်အကျီလေးကိုငုံကြည့်ပြီး တချက်ပြုံးလိုက်မိသေးတယ်။ သေချာသန့်ရှင်းလေးလုပ်ပေးထားတာကိုပါခံစားနေရသည်။ တွေရင်းနဲ့ နားဖျားလေးတွေပါရဲလာသည်။ တကယ်တော့အစကတည်းကရဲနေတာပါ။

"နိုးပြီလား "

တံခါးကိုဖွင့်ဝင်လာတော့ ခုတင်ပေါ်မှာထိုင်ရင်း ဘာအတွေးတွေတွေးပြီးနားရွက်တွေနီနေတဲ့ ရိပေါ်ကိုတွေလို့ စကားပြောလိုက်ခြင်းပင်။သူ့အသံ ကြားမှပဲ ခေါင်းကသိသိသာသာပိုငုံသွားသည်။

"နိုးရင်လဲ ထ မနက်စာစားမယ်"

ဘာလဲဟ လေသံက။
လေသံကနဲနဲမာနေတာကြောင့်ရိပေါ်စိတ်ထဲမှာရေရွတ်ရင်း ပေါ်ကြည့်မိသည်။ တကယ်စိတ်တိုနေသလိုလိုစိတ်ဆိုး‌နေသလိုလိုပဲ။နေပါအုံး သူကကလို့စိတ်ဆိုးရတာတုန်း။

"ဘာလဲထမင်းမစားဘူးလား"

"ကျန့်ကော"

"ဘာတုန်း"

"ဘာဖြစ်နေတာတုန်း စေ‌ာစောစီးစီးလေသံက ဘာဖြစ်ချင်နေတာတုန်း သူကပဲ...."

"ဆေးအရှိန်ပျယ်သွားပြီလား"

"ဟမ်!???"ကြောင်နနဖြစ်သွားရုံတင်မဟုပ်ဘူး နားရွက်လေးတွေပါနီသွားတာ။

"ဖြေလေ"

"ပျယ်ပြီပေါ့ နေ့လည်တောင်ရောက်တော့မယ်"

"အဲ့ဒါဆိုရင် ခွင့်ပြုပါအုံး"

ခွင့်ပြုပါအုံး

ဘာလဲ ငါအရင်ကသူ့ကိုထားပြီးထွက်သွားသလိုပြန်လုပ်မလို့လား

Russian Roulette(ရပ္နား)Where stories live. Discover now