Chapter 7 🖤[U]

550 57 4
                                    

အရမ်းကိုဝမ်းနည်းနေတာပဲ။ ငါ့ကြာင့်လား ငါ့ကြောင့် တကယ်ဝမ်းနည်းစေမိတာပဲ။

ပြတင်‌းပေါက်ကနေ လမ်းမပေါ်မှာအော်ဟစ်ငိုကြွေးနေတဲ့ ကျန့်ကောကိုကြည့်ရင်းအသံတိတ်မျက်ရည်ကျမိသည်။
ခနလောက် ဆေးရုံမှာပဲနားလိုက်ပြီး အိမ်ကိုပြန်လာခဲ့သည်။ အိမ်ထဲကိုလေးလံတဲ့ခြေလှမ်းတွေနဲ့ဝင်လာသည်။

ရိ‌ပေါ်မားက ဆို‌ဖာပေါ်မှာ ထိုင်နေပြီး ရှောင်ကျန့်က ရှေ့မှာဒူးထောက်ထားသည်။ ထိုမြင်ကွင်းကြောင့် ရှောင်ကျန့်ဘေးကို ပြေးသွားမိသည်။

"ရှောင်ကျန့် ခင်များအခုဘာလုပ်နေတာတုန်း"

ရိပေါ်အော်ပြောလိုက်သော်လည်း အဖတ်မလုပ်ဘဲ ဝမ်မားကိုသာစကားစပြန်ဆက်လိုက်သည်။

"ကျနော်မှားခဲ့တာတွေအတွက် ကျနော်ပဲတာဝန်ယူချင်ပါတယ် တောင်းပန်ပါတယ် ကျနော်ကိုခွင့်မလွှတ်ပါနဲ့"

"ရှောင်ကျန့်!!!!!!!"

"တော်တော့ရိပေါ်!!!"တချိန်လုံး ခေါင်းကိုလက်နဲ့ဖိထားပြီး ငြိမ်နေတဲ့ ဝမ်းမားက ပြောလာသည်။"ရှောင်ကျန့် သားလဲထတော့ ဖြစ်ပြီးတာတွေကဖြစ်ပြီးပြီပဲ သားအမှားချည်းလဲမဟုပ်ပါဘူး သားအခုလိုတာဝန်ယူပြီးတောင်းပန်နေတာနဲ့တင် ခွင်လွှတ်နိုင်ပါပြီ
လူကြီးတွေတိုင်ပင်ကြီး အဆင်ပြေအောင်လုပ်ပေးမှာမို့ သိပ်လည်း စိတ်ပူမနေပါနဲ့"

"ဟုပ်"

"ဘာကိုအဆင်ပြေအောင်လုပ်မှာတုန်း ဘာကိုတုန်း!!!"

"ရှောင်မားလည်းရောက်လာပြီဆိုတော့ သားရေးသားရေးဆွေးနွေးကြတာပေါ့ ထျုင်ပါအုံး"

စကားဝိုင်းမှာ နောက်ဆုံးစီစဉ်လိုက်တာကတော့ ရိပေါ်နဲ့ ရှောင်ကျန့်ကို လက်ထပ်ပေးလိုက်ဖို့ပဲ။ ကျောင်းကလည်းမပြီးသေးတာမို့ ဒီတိုင်း လက်မှတ်ထိုးရုံလောက်ပဲပေါ့။

ရှောင်မားနဲ့ ဝမ်မားက အရမ်းကိုချစ်ရတဲ့ငယ်သူငယ်ချင်းတွေ လက်ထပ်တော့လည်း အတူတူပဲ။ အခုနှစ်ယောက်လုံးမှလည်း ခင်ပွန်းမရှိကြတော့ မိဘတွေဆီကထွက်လာပြီး သူငယ်ချင်းနှစ်ယောက်အတူတူ သာမာန်နေရာလေးမှာပဲ ‌နေကြသည်။ နှစ်ယောက်ပေါင်းပြီး စိန်ဆိုင်အကြီးကြီးဖွင့်ထားသည်။ များသောအားဖြင့် ဝမ်မားကဦးစီးသည်။ ဘာကြောင့်လဲဆိုတော့ ရှောင်မားကစာရေးဆရာမ‌တယောက်လေ။ ရိပေါ်တနှစ်သားလောက်ကတည်းက အတူတူနေလာခဲ့ကြသည်။

Russian Roulette(ရပ္နား)Where stories live. Discover now