Chapter 8 🖤[U]

477 47 10
                                    

နောက်နေ့မှာ အရင်လိုပဲ ပျော်ပျော်နေတတ်သည့် ရိပေါ်ပြန်ရောက်လာခဲ့သည်။ ဘာမှမဖြစ်ခဲ့ကြသလိုမျိုး။ အရင်ကလို အနိုင်ယူတတ်ပြီး အဆိုးအဆာလေးကို ရှောင်ကျန့် အရင်ကထက် အလျှော့ပေးမိသည်။ တမင်သက်သက် အကျင်ယုပ်ပြီး အနိုင်ယူဆာကိုပင် လိုက်ရောမိသည်။

"ကျန့်ကော!!!!!!! "

"ဘာလဲ! ဘာလဲ!ဘာဖြစ်လိုလဲ!"
ခေါ်သံစူးစူးကြောင့် အလောတကြီးပြောလာကာ ပြာပြာသလဲမေးမိသည်။

"ဗိုက်.....ဗိုက်က ..."
ဗိုက်ပူပူလေးကို လက်ဖြင့်ကိုင်ကာ ခြောက်ခြားနေဟန်ရှိတဲ့မျက်နှာထားနဲ့ ထိုကောင်လေးကြောင့် တကယ်ပူထူသွားသည်။
ရိပေါ်က ကြောင်တောင်တောင်ဖြစ်နေတဲ့ ကျနော်လက်ကိုဆွဲပြီး သူ့‌ဗိုင်ပေါ်တင်ပေးလိုက်သည်။

ဒီလပါထည့်တွက်ရင် ရိပေါ်ကိုယ်ဝန်ကရှစ်လလောက်တောင်ရှိပြီ။
ဗိုက်ပေါ်တင်ထားတဲ့ လက်ဖဝါးလေးကို တိုးဝှေ့နေတဲ့ ခံစားမှုလေးက ရူးသွပ်သွားမလိုရှောင်ကျန့်ခံစားရတယ်။ ကျနော်ရဲ့သွေးသားကနေ ခံစားမိတယ်ကျနော်ရဲ့ကလေးတွေရဲ့အထိအတွေ့ကို။ ကျနော်ရဲ့ကလေ‌းတွေဆိုတဲ့အသိက ကျနော်ကိုနွေထွေးစေတယ်။ အေးချမ်းလွန်တဲ့ ဆောင်ရာသီတခုရဲ့ မနက်ခင်းက ရရှိဖူးတဲ့ နေရောင်ခြည်နုနုလေးလိုပဲ။ နူးနူးညံ့ညံ့ နွေးနွေးထွေးထွေးလေး။ ကျနော်ဘဝမှ ဒီလောက်အစောကြီး ဒီလိုခံစားချက်မျိုးရလိမ့်မယ်လို့ တခါမှမတွေးဖူးဘူး။

ကလေးလေးတို့ မင်းတို့ကို တွေချင်လှပြီ။ ချစ်ရသူကမွေးပေးတဲ့ ကျနော်ရဲ့ကလေး။အဲ့အသိလေးနဲ့တင် တစ်ဘဝလုံးပြည့်စုံပြီ။

"ကျန့်ကော .ခင်များဘာဖြစ်သွားတာလဲ"

"မဟုပ်ပါဘူး ဒီတိုင်း မိန်းမမယူလိုက်ရဘဲ ငါ့ကလေးလေးတွေရှိလာတော့ ကြည်နူးမိသွားလို့"

"တောင်းပန်ပါတယ်"

"ရိပေါ် အဲ့လိုမဟုပ်.."ငါတကယ်စိတ်လွှတ်သွားတာပဲ။ သူ့ရှေ့မှာဘာတွေပြောမိနေတာလဲ။

"ဗိုက်ဆာတယ်တခုခုလုပ်ပေး"

"အာ..အွန်း"

တောင်းပန်ပါတယ်။ကျနော်ကျန့်ကောက သာမန်‌ပျော်ရှွင်တဲ့ဘဝလေးကိုပိုင်ဆိုင်သင့်တာ။ချစ်တဲ့သူနဲ့ ပေါင်းဖက်သင့်တာ။ ဒါပေမယ့် ကျနော်လည်းမတတ်နိုင်ဘူး။ ကျနော်ကျနိ့ကောဘေးမှာ တသက်လုံးတဖက်သပ်ချစ်သွား‌ချင်ပေမယ့် အခုမထင်မှတ်ဘဲ ကျန့်ကောကိုချုပ်နှောင်မိပြီ။

..........
"Hi ကျနော်က အသစ်ရောက်လာတဲ့ဝန်ထမ်းအသစ် ဝမ်ရိပေါ်ပါ"

"လာ အကုန်လုံးနဲ့မိတ်ဆက်ပေးမယ်
အားလုံးပဲ ဒါက အသစ်လေး"

"ရိပေါ်!!!!"

"ကျန့်ကော!!!"

"အသစ်ကလေးက မန်နေဂျာနဲ့အသိလား?"

"ဟုပ်တယ်လေ တကယ်တော့ ရိပေါ်က ကျနော်ရဲ့...."

"စီနီယာ...ကျန့်ကောက ကျနော်ရဲ့စီနီယာလေ .တကျောင်းထဲတက်ခဲ့တာ"

........
"ဘာလို့လိမ်ပြောတာလဲ"

"ဘယ်လိုလိုက်လာတာလဲ"

"ငါမေးတာဖြေ"

"ကျနော်က ခင်များနဲ့ယူထားတဲ့သူပါလို့ အလုပ်ကလူကိုပြောရလောက်အောင်ရူးနေတာမှမဟုပ်တာ
နောက်ပြီး ခင်ဗျားကအထက်လူကြီးလေ ကျနော်ကိုဘယ်လိုထင်မလဲ
ကျနော်အလုပ်ရဖို့တော်တော်လေးကြိုစားထားရတာလေဗျာ"

"အော်...."

"ခင်ဗျားလည်းဒီတိုင်းပဲနေ ဟေ့!!!" ပြောတာကိုတောင်မစောင့်ဘဲထွက်သွားတဲ့ လူကြီးကို ဘေးကဖျော်နေတဲ့ကော်ဖီခွက်နဲ့ကောက်ထုချင်စရာ

......

"ဝမ်မားးး!!!!ရှောင်မားးးး!!!"

"ဘာတုန်း !!"
"ဘာတုန်း !!"
"ဒါတွေကဘာလဲ" မိမိအခန်းထဲတွင်ရှိသော ကလေးနှစ်ယောက်၏ ပစ္စည်းတွေကိုလက်ညိုးထိုးကာမေးလိုက်ခြင်းဖြစ်သည်။ ပထမဆုံးရုံးတက်တဲ့နေ့ လေ့လာစရာတွေအတော်များသောကြောင့် အချိန်ပိုယူရသည်။ ပြန်ရောက်တော့ပင်ပန်းလိုနားမည်ရှိသေး အခန်းရဲ့ အခြေအနေကြောင့် သေ‌ချင်စော်နံသွားသည်။

"ဘာကမှလဲ ကလေးတွေလည်းအရွယ်ရောက်ပြီလေ အခန်းသပ်သပ်ပေးသင့်တာပေါ့"

"အဲ့ဒါဘာလို့ ကျနော်အခန်းလဲ"

"ငါတို့ကအသက်လည်းကြီးပါပြီဟယ်"

"အော် ဟုပ်လား..
အဲ့ဒါဆိုကျနော်ကကော
ကျနော်ကကောဘယ်မှာသွားနေရမှာတုန်း"

"ရှောင်ကျန့်အခန်းသွားနေရမှာ"

"ဘာ!!!!!!!"

"လန့်လိုက်တာဟယ် ဖြည်းဖြည်းပြောလဲရပါတယ် မဟုပ်လည်းနင်တို့နှစ်ယောက်က တရားဝင်ယူထားတဲ့လင်လင်တွေမဟုပ်လား
နှစ်တွေဒီလောက်ကြာနေပြီ တည့်တည့်ရွှင်ရွှင်လေးနေတော့ဘာဖြစ်မှာလဲ"

2761 words
24.5.2020
ဒီနေ့ကစပြီးတနေ့တပိုင်းupပေးမယ်
အဲ့ဒါကြောင့် moti လေးပေးကြပါအုံး
ရေးရတာအားရှိအောင် တခါတတောင်ရှိရဲ့လားဆိုပြီးရေးချင်စိတ်ပျောက်ပျောက်သွားလို့
ဒါလေးကနဲနဲရှည်မယ်ထင်တယ်
သိတဲ့အတိုင်းကို့ficတွေက20မကျော်ဘူးလေ

Russian Roulette(ရပ္နား)Where stories live. Discover now