3

23K 2.6K 666
                                    

[Unicode]

မနက်စောစောစီးစီး ခြံထဲထိုးဝင်လာသောကားတစ်စီး၊
မျက်မှောင်ကျုံ့လျက်မြန်ဆန်တဲ့ ခြေလှမ်းတွေနဲ့အိမ်ကြီးဆီဦးတည်သွားသော သခင်လေးနောက် အစေခံတစ်ချို့မှာရင်တမမ နဲ့အပြေးလိုက်ရ၏။

"ကျစ် !
ဒီဖိနပ်က ဘာလို့ဒီလောက်ကြပ်နေရတာလဲ"

ခက်ခက်ခဲခဲ ဆွဲချွတ်လိုက်သော
ဖိနပ်တစ်ဖက်ကို ကြုံရာထိုးပစ်သည်။
မျက်ခုံးနှစ်ဖက်ထိလုမတတ်ကျုံ့ထားတဲ့
မျက်လုံးစိမ်းကြီးတွေနဲ့ ဘေးနားမှအစေခံ
တွေကို စူးစိုက်ကြည့်လေတော့ထိုအစေခံတွေမှာ
ခေါင်းကျိုးမတတ် ငုံ့ချထားလေတော့သည်။

"ဘာပြောစရာရှိလို့ ငါ့နောက်တကောက်ကောက်
လိုက်နေကြတာလဲ"

ဒါဟာ သူ့စိတ်ထွက်ပေါက်အနေနဲ့ တွေ့ကရာလူကို
ပြဿနာရှာခြင်းပင်ဖြစ်သည်။မနေ့ညက club မှာ
မူးမူးရူးရူးသောက်စားနေရင်း လက်ရှိတွဲနေတဲ့
အရှုပ်ထုပ်နဲ့ကတောက်ကဆဖြစ်ထားခဲ့ရတော့ သူ့စိတ်အခြေအနေက ပုံမှန်ထက် အဆတစ်ရာလောက်နောက်ကျိနေသည်။

"ဘာလဲ လုပ်စရာအလုပ်မရှိကြဘူးလား။
ငါ့နောက် လမ်းလျှောက်လိုက်ရုံနဲ့
ပိုက်ဆံရကြတာလား "

"မဟုတ်... မဟုတ်ပါဘူး"

"ထွက်သွားစမ်း တစ်ယောက်မှမျက်နှာမမြင်ချင်ဘူး။
ငါ့ရှေ့ ပေါ်လာတဲ့လူ အလုပ်ထွက်ဖို့ပြင်ထား"

"တောင်းပန်ပါတယ် သခင်လေး။
သခင်လေးမနက်စာအတွက် ပြင်ဆင်ပေးဖို့ပါ။
ဒီနေ့ ဘွားဘွားက အိမ်မှာမရှိတော့ သခင်လေး
တစ်ယောက်တည်းမနက်စာ သုံးဆောင်ရမှာမို့လို့
ဘာများသုံးဆောင်ချင်လဲ မေး မလို့ပါ"

အစေခံတွေထဲမှ ခေါင်းဆောင်ဖြစ်သူတစ်ယောက်ရဲ့
စကားသံအဆုံးဂျောင်ကုနှုတ်ခမ်းထက်မဲ့ပြုံး
တစ်ခုဖြစ်ပေါ်လာသည်။ ထိုစကားစုတွေထဲ သူစိတ်ဝင်စားတာ အဘွားဖြစ်သူ အိမ်မှာမရှိဘူးဆိုတဲ့အကြောင်းပဲ၊သူ ဟိုအမှိုက်ကောင်ကို လွတ်လွတ်လပ်လပ်သောင်းကျန်းလို့ရတော့မည် မဟုတ်လား။

"သခင်လေးရဲ့ ကောင်လေးကိုရော
မနက်စာအတူသုံးဆောင်ဖို့ခေါ်လိုက်ရမလားဟင်။
သခင်လေးမရှိတုန်း အိပ်ခန်းဘက်လည်း
အစေခံတွေ တစ်ယောက်မှမရောက်ဖြစ်တော့
သူ နိုးလား မနိုးသေးဘူးလား သေချာမသိဘူး"

° LAST HOPE °Where stories live. Discover now