4

22.3K 2.6K 209
                                    

[Unicode]

အခန်းထဲ နာရီအနည်းငယ်လောက်ထိခွေခေါက်
မိနေသောအခါ တဖြည်းဖြည်းဆာလောင်လာသော
ဗိုက်ရယ်တစ်ဖန်သက်ရှိလေးကိုလည်းတွေးမိ
သွားတော့မစားလို့တော့မဖြစ်ဘူးဟုစိတ်ထဲတေး
ရင်းမုန့်ဆိုင်ရှာပုံတော်ထွက်ရသည်။

တိမ်ကင်းစင်သော ရာသီဥတုအခြေအနေမို့
နေရောင်ခြည်ဖြင့်ပူကြိမ်းလှသောလမ်းမကြီးထက်
၁၅ မိနစ်လောက်လမ်းလျှောက်ပြီးသောအခါ
နောက်ဆုံး ခေါင်းမီးတောက်မတတ်ရှာဖွေခဲ့ရတဲ့
စတိုးဆိုင်ကြီးကိုတွေ့တော့ ထယ်ယောင်းနှုတ်ခမ်း
ထက်အပြုံးရေးရေးလေး ဖြစ်ပေါ်သွားရသည်။
လူကုန်ထံရပ်ကွက်က တိတ်တိတ်ဆိတ်ဆိတ်နဲ့
သန့်ရှင်းလှပေမယ့် အခုလိုဆိုင်တွေနဲ့အိမ်က
ဝေးကွာတော့သိပ်ပြီး သဘောမကျလှ။

စုံလင်လှသော မုန့်အမျိူးအစားတွေထဲမှ
ဈေးသက်သက်သာသာရှိတာတွေကို ရွေးချယ်
ဝယ်ယူပြီး ထိုဆိုင်နားက လမ်းသွားလမ်းလာတွေ
ထိုင်ဖို့ပြုလုပ်ထားတဲ့ခုံတန်းလေးပေါ်ထယ်ယောင်း
ဝင်ထိုင်လိုက်သည်။နေပူနေပေမယ့် ခုံတန်းဘေး၌
သစ်ပင်ကြီးတစ်ပင်ရှိနေတော့ထိုနေရာတွင်
အရိပ်ကောင်းကောင်းကျ၏။

"ကလေးလေးက အသီးတွေစားချင်နေတယ်။
ဒီနားမှာအသီး ဆိုင်ကမရှိတော့ ပါးပါးက
အသီးအရသာပါတဲ့မုန့်တွေဝယ်ထားပေးတယ်"

ကလေးရှိရုံသာသိတဲ့ ပြားချပ်ချပ်ဗိုက်လေးပေါ်
လက်တင်ရင်း စကားတပြောပြောနဲ့အိတ်လေးထဲမှမုန့်ထုတ်တွေကိုတစ်ခုပြီးတစ်ခုထုတ်စားသည်။

ကိုယ်ဝန်ကြောင့် စိတ်တွေအပြောင်းအလဲ
လွယ်နေသလားပဲ စားသောက်နေရင်းရုတ်တရက်
မျက်ရည်ကစီးကျလာပြန်တော့ ကိုယ့်ကိုကိုယ်
အားမလိုအားမရဒေါသထွက်မိသည်။အတွေးတွေကိုထိန်းချုပ်လို့မရဘူး။အလိုလိုနေရင်းအတိတ်နောက်ကြောင်းကိုပဲပြန်သွားနေတော့ ရင်ထဲစို့တက်ပြီး
ဝမ်းနည်းလာသည်။

ကျွန်တော့်ဘက်က ဂျွန်ကိုအရင်ချိန်းဆိုတဲ့
ပိတ်ရက်​လေးတစ်ရက်မှာ ပန်းခြံထဲက
ဒီလိုမျိုး ခုံတန်းမှာအကြာကြီးထိုင်စောင့်ခဲ့ဖူးတယ်။
အချိန်တွေသာတရွေ့ရွေ့ကုန်ဆုံးရင်း ညနေစောင်း
တောင်ရောက်သွားတယ် ကျွန်တော့်ဆီ ဂျွန်
မရောက်ခဲ့ဘူး။ အဲဒီနေ့ကစပြီး ပူလောင်ခြင်း
သံသယတွေ အစပျိုးခဲ့ရတာပါပဲ။ ဖုန်းဆက်ချိန်
မမှန်တော့တဲ့အခြေအနေကိုစပြီးသတိထားမိတယ်။
ပြီးတော့ဂျွန်နဲ့အတူရှိတဲ့ချိန်ဂျွန်ရဲ့မျက်နှာအမူအရာတွေကို စပြီးအကဲခတ်ပါတော့တယ်။ အချိန်ကြာလေ ပြောင်းလဲလာလေထိုလူသားရဲ့ အပြုအမူတွေကြောင့်အေးစက်လာသော ဆက်ဆံရေးမှာအချစ်တွေပျောက်ဆုံးနေပြီလို့ကျွန်တော်ရိပ်မိလိုက်တဲ့အချိန်အသည်းတွေ တစ်စစီကွဲကြေသွားသလိုနာကျင်လွန်းလှပါတယ်။ထိုလူသားကို လက်လွှတ်အဆုံးရှုံးမခံနိုင်တော့ နာကျင်မှုတွေကို သည်းခံပြီးနေခဲ့ပါတယ်။

° LAST HOPE °Where stories live. Discover now