7

21.8K 2.4K 590
                                    

[Unicode]

"အမြန်ဆင်းလာ"

ခက်ထန်သော ကြိမ်းမောင်းသံနှင့်ကားပေါ်မှ
ဆင်းသွားသော ဂျောင်ကုနောက် ထယ်ယောင်းမှာကားခါးပတ်အမြန်ဆွဲဖြုတ်ရင်းပြေးလိုက်ရသည်။ရောက်ရှိလာသည်က အဘွားကြိုတင်မှာယူထားပေးတဲ့ လက်စွပ်ကိုယူဖို့ လက်ဝတ်ရတနာဆိုင်သို့ပင်။

" မင်္ဂလာပါ "

ကြိုတင်ဖုန်းဆက်ထားသည်မို့ ရောက်လာသည့်
ဂျောင်ကုကိုတွေ့သည်နှင့်ဝန်ထမ်းတို့မှာပြာသလဲလဲနှုတ်ဆက်ပြီးပုံစံတူလက်စွပ်လေးကွင်း
ထုတ်လာပေးသည်။

"အရွယ်အစား မတိကျလို့ အပိုလုပ်ထားတာပါ။
ဝတ်ကြည့်ပါလား"

ဝန်ထမ်းတစ်ယောက်ရဲ့စကားအဆုံးဂျောင်ကုမှာ
တစ်ကွင်း ဝတ်ဆင်လိုက်ပြီးအဆင်ပြေကြောင်း
ခေါင်းငြိမ့်ပြလိုက်သည်။

"ဝတ်လေ ဘာလုပ်နေတာလဲ"

စိန်တစ်လုံးပါသော တန်ဖိုးကြီးလက်စွပ်မို့
ထိကိုင်ဖို့ တုန့်ဆိုင်းနေသော ထယ်ယောင်းကို
ဂျောင်ကု ပိတ်ဟောက်လိုက်သည်။

" ဟုတ် "

လက်သန်းကြွယ်ထက်နေရာယူသွားသော
လက်စွပ်က ချစ်ရသူလက်မှာလည်း ဆင်တူရှိ
နေသော အသိကြောင့် ကြည်နူးမှုလေးက တရိပ်ရိပ်။

"အဆင်ပြေပါတယ်"

"ဟုတ် ကျွန်မတို့သေချာထုတ်ပိုးပေးလိုက်ပါမယ်"

လက်စွပ်ကိုယူပြီးထွက်ခွာသွားသောဝန်ထမ်း
နောက်၊ထယ်ယောင်းမှာမျက်လုံးအဝိုင်းသားနဲ့
ဆိုင်ပတ်ပတ်လည်ကိုငေးသည်။မိန်းကလေး
ဝန်ထမ်းတွေသာများသော ထိုဆိုင်မှာ တစ်ချို့သော မိန်းကလေးတွေကဂျောင်ကုဆီ အကြည့်ရောက်နေမှန်းထယ်ယောင်းရိပ်မိသွားသည်။

"အိုမို သူငါ့ကို မျက်စိမှိတ်ပြတယ် ချောလိုက်တာ"

အနောက်မှတီးတိုးရေရွတ်လိုက်သော မိန်းကလေးတစ်ယောက်ရဲ့အသံကြောင့်ဂျောင်ကုကိုလှည့်ကြည့်လိုက်သောအခါထိုမိန်းကလေးတွေဆီမျက်စပစ်ပြီးအထာပေးနေသည်။လက်ထပ်လက်စွပ် လာယူတဲ့အချိန်မှာတောင်ယခုလို အပြုအမူမျိုးနဲ့နာကျင်အောင်လည်းသူရက်စက်တတ်သည်။ကိုယ်မဟုတ်နဲ့တစ်ခြားတစ်ယောက်ကိုအဲလိုအကြည့်မျိုးမကြည့်ပါနဲ့လို့ပိုင်ပိုင်နိုင်နိုင်သဝန်တိုနိုင်ခွင့်တောင်ထယ်ယောင်းမှာမရှိပဲ။

° LAST HOPE °Where stories live. Discover now