29

23.7K 2.1K 213
                                    

[Unicode]

"ထယ်ရေ...
ဝက်ဝံပေါက်လေးကို တစ်ချက်လှည့်ကြည့်စမ်းပါဦး"

ဂျောင်ကုတစ်ယောက် သားကိုအဝကလိထားပြီးမှ
ခရီးဆောင်အိတ်တွေထဲပစ္စည်းတွေကောက်
ထည့်နေသောထယ်ယောင်းအားလှမ်းခေါ်သည်။
ဂျောင်ကု၏အသံနောက်ထယ်ယောင်းမှာ
ကုတင်ပေါ်မှကိုယ်တုံးလုံးနဲ့လက်လေးနှစ်ဖက်
ထောက်ကာထိုင်နေသောသားပုံစံကြောင့်ခပ်ဟဟရယ်ရင်း လျှောက်လှမ်းလာသည်။

"ဘာတွေများအလိုမကျလို့ နှုတ်ခမ်းက ဒီပုံဖြစ်နေရတာလဲ"

'ဂ' သဏ္ဌာန်ကွေးညွတ်နေသော နှုတ်ခမ်းပိစိလေးကပါးပါးရဲ့စကားကိုကြားပြီး ပိုတိုးလို့ပင်ကွေးညွတ်လာသယောင် ...

"ဘာဖြစ်ရမှာလဲ ထုံးစံအတိုင်းdiaper မြင်ပြီး
မဲ့ရွဲ့နေတာပေါ့"

"သူလေးက လူကြီးဖြစ်ချင်နေတာလား"

သူ့ဒယ်ဒီဆီမှာ အသနားခံလို့မရတော့
ပါးပါးဘက်သို့ငိုမဲ့မဲ့လေးနဲ့ခေါင်းလေးစောင်းသည်။ဒါဟာ လွန်ခဲ့တဲ့တစ်ပတ်ကမှစတင်လာတဲ့
ဂျွန်ထယ်ဝန်လေးရဲ့ ဂျီကျမှုတစ်ခုပင်ဖြစ်သည်။
diaperမဝတ်ပဲ လွတ်လွတ်လပ်လပ်နေခဲ့တဲ့
တစ်ရက်ကို သဘောကျသွားဟန် နောက်ရက်တွေမှစပြီး diaperမြင်တိုင်း မျက်ရည်တစမ်းစမ်း ...

"ခရီးဝေးသွားရမှာသားရဲ့ ကားကြီးစီးရမှာမို့ ရှူးတွေပေါက်ချလို့မဖြစ်ဘူးလေ။
လိမ္မာတယ်နော် လှဲပါဦး ပါးပါးဝတ်ပေးမယ်"

ချော့မြူရင်း အသာအယာလှဲချလိုက်တော့
ကျောပြင်နှင့် မွေ့ယာထိကပ်သွားတာနဲ့အောက်
သွားလေးနှစ်ချောင်းဖြင့်မာန်မဲပြပြီးခေါင်းတခါခါဖြင့်အော်ငိုပါတော့သည်။

အော်ငိုသံတွေ ချောမြူသံတွေဖြင့်ရောထွေးသော
အချိန်ခဏလေးအတွင်း ထယ်ဝန်လေးရဲ့
Diaperဝတ်ဆင်ခြင်းအောင်မြင်စွာပြီးဆုံးသည်။

.
.
.

"သခင်ကြီးက မနက်စာအတူစားဖို့
ထမင်းစားခန်းမှာ စောင့်နေတာကြာပြီ"

"အခုလာခဲ့မယ်"

"ဂျွန် လာတော့မနက်စာစားပြီးမှအဝတ်အစား
လဲရအောင် အဖေစောင့်နေရတာ အားနာစရာကြီး"

° LAST HOPE °Where stories live. Discover now