22

23.9K 2.5K 366
                                    

[Unicode]

"ထယ်ယောင်းကို စောင့်ကြည့်နေနော်
ငါ ကလေးထားတဲ့အခန်း လိုက်သွားဦးမယ်"

"ဟုတ်ကဲ့ပါ သခင်မကြီး"

ထွန့်ထွန့်လူးနေသော နီတာရဲပေါက်စလေးသည်
သူနာပြုလက်ထဲ ပါသွားလေပြီ။အဖြူရောင်ဆေးရုံ
အခန်းထဲမှာတော့အိပ်ပျော်နေသောထယ်ယောင်းနှင့်အစေခံကောင်မလေးနှစ်ယောက်သာ ကျန်ရှိ၏။

"သခင်လေးက ဒီနေ့ဆေးရုံမလာဘူးလား"

"နေ့လည်လောက်မှလာဖြစ်မယ်ထင်တယ်။
Company ကိစ္စအရေးကြီးတယ်လို့ကြားတယ်"

ကောင်မလေးနှစ်ယောက်၏ တီးတိုးတွတ်ထိုးသံ
ကြောင့်ထယ်ယောင်းနိုးလာသည်။သို့ပေမယ့်
ဆက်ပြောလာသောစကားသံတစ်ချို့ကြောင့်
ထယ်ယောင်းငြိမ်သက်စွာပင် အိပ်မောကျ
ယောင်ဆောင်ရင်းတိတ်တဆိတ်ခိုးနားထောင်
မိသည်။

"ကလေးအဖေလေး ထပ်ပြီးကိုယ်ဝန်မဆောင်နိုင်
တဲ့သတင်းကြားတော့ သခင်မကြီးတော်တော်စိတ်
ပျက်သွားတယ်သိလား။သူက မြစ်မလေးရမယ်လို့
မျှော်လင့်ထားတာအကယ်၍ကလေးထပ်မွေးနိုင်ရင်ထပ်ပြီးမျှော်လင့်လို့ရသေးပေမယ့် အခုအခြေအနေကြီးကတော့ စိတ်မကောင်းစရာပဲ"

"သခင်မကြီးက လိုချင်တာကိုမရရအောင်
ယူတတ်တဲ့ လူမျိုးလေငါတော့သူမစိတ်ပျက်သွား
တယ်ဆိုရင်တောင်လက်လျှော့မယ်လို့တော့မထင်ဘူး သခင်လေးကို နောက်တစ်အိမ်ထောင်ချချင်ချ
ပေးမှာပေါ့ ခစ်ခစ်"

"ဖြစ်နိုင်တယ် ဒီမြစ်ဦးလေး ကိုရောသည်းနေတာ
ဆိုတော့ ကလေးအဖေကိုစိတ်တိုတုန်းကပြောခဲ့တဲ့
စကားတွေအတိုင်း တကယ်လုပ်မှာလားပဲ"

"သခင်လေးကလည်း ကလေးအဖေကို
မချစ်ပဲလက်ထပ်ထားတာလေ အလွယ်တကူပဲ
လက်လွှတ်နိုင်လောက်တယ် အဓိက ကသူတို့
လိုချင်တာ ကလေးပဲမဟုတ်လား"

ထယ်ယောင်းမကြားနိုင်ဘူးအထင်နဲ့ နှစ်ကိုယ်ကြားတီးတိုးပြောနေကြပေမယ့် ထယ်ယောင်းစကားလုံးတိုင်းကိုပြတ်သားစွာကြားနေရသည်။ပြန်တွေးကြည့်
လျှင် ကလေးမွေးပြီးနေ့ကတည်း အခု၇ရက်မြောက်နေ့အထိထယ်ယောင်းသားလေးကိုတွေ့မြင်ရသေးတာ ၄ ကြိမ်တည်း၊ ထယ်ယောင်းကြောက်လန့်နေသည့်အရာကတကယ်ဖြစ်လာမည်ပုံ၊ထယ်ယောင်းအနားက
လူတွေဘာလို့ဒီလောက်ရက်စက်တတ်
ကြတာလဲ ...

° LAST HOPE °Where stories live. Discover now