6

22.7K 2.5K 531
                                    

[Unicode]

ထယ်ယောင်းအိမ်ကြီးဆီရောက်တာ၅ရက်မြောက်နေ့၊ညတိုင်း ဧည့်ခန်းမှာသွားခိုးအိပ်နေရတာမို့
အိမ်သားတွေမနိုးခင်မနက်အစောကြီးသူထရသည်။ဒီနေ့မနက်ကတော့ခါတိုင်းနေ့ထက်နည်းနည်း
နောက်ကျမှနိုးတယ်။အစေခံတစ်ယောက်လာနှိုးတော့မှအလျင်အမြန်အခန်းထဲထပြေးရသည်။
အိပ်ခန်းထဲရောက်တော့ တစ်ယောက်သောသူက မနိုးသေး။ကိုယ့်ကြောင့်အိပ်နေသူအနှောင့်အယှက်မဖြစ်အောင်အသံတိတ်လုပ်စရာရှိသည်များကို မြန်မြန်ဆန်ဆန်လုပ်ရ၏။

အပေါ်ထပ်မှဆင်းလာစဉ်ဧည့်ခန်းမှအဘွား
နှင့်ဆုံသောအခါ အဘွားက ထယ်ယောင်းကို မနက်စာစားဖို့ခေါ်သည်။ အဘွားရှိနေရင် ထယ်ယောင်းထမင်းနပ်မှန်တာမို့ အသက်ရှူချောင်ရသလို ။အဘွားနှင့်အတူ မနက်စာ စားသောက်ပြီးတာနဲ့အဘွားက အိမ်အနားမှခြံဝင်းထဲမှာ သွားထိုင်ရအောင်လို့ပြောလာတော့ အဘွားရဲ့သဘောအတိုင်းသာထယ်ယောင်းလိုက်သွားသည်။

"ဒီခြံဝင်းထဲမှာ ပန်းပင်တွေထပ်ဖြည့်ရမယ်။
အရိပ်ရစေမယ့် အပင်တွေရော ..."

အဘွားက ခုံတန်းရှိရာ လှမ်းလျှောက်နေရင်း
လှည့်ပြောလာတော့ ထယ်ယောင်းခေါင်းငြိမ့်ကာ
ရယ်ပြလိုက်သည်။ အဘွားရဲ့အနားမှာ စောင့်ရှောက်သူအစေခံနှစ်ယောက်မှာလည်း ဘာမှန်းမသိတဲ့အထုပ်တစ်ခုကိုဆွဲလျက် အတူလိုက်ပါလာသည်။

"ကလေးလေး ကစားဖို့လေ။
ခုကတည်းကထပ်ဖြည့်စိုက်ထားမှတော်ရာကျမယ်။
ဂျောင်ကုရဲ့အမေကိုယ်ဝန်တုန်းကလည်းအဲလိုပဲ၊
ဒါပေမဲ့စိုက်ထားသမျှအကုန်အလကားဖြစ်ရ
တာပင် ဂျောင်ကုက ခြံဝင်းထဲကစားဖို့မပြောနဲ့
ခြေတောင်မချဘူး။ အိမ်ကြီးထဲမှာပဲ ပတ်မွှေရင်း
ပစ္စည်းတွေတစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်တာ
တော်တော်ကို ဆိုးတယ်"

ချစ်ရသူရဲ့ ငယ်ဘဝအကြောင်းတစ်စိတ်တစ်ပိုင်း
ကြားရတော့အခါ ထယ်ယောင်းနှစ်ခြိုက်စွာ
ပြုံးလိုက်မိသည်။ထို့နောက် သူ့ဗိုက်ထဲက ကလေးငယ်ကရောဂျောင်ကုလို ဆိုးဦးမှာလား ဆိုပြီးမဆီမဆိုင်တွေးမိသွားပြန်တော့မမြင်ရသေးတော့ရင်သွေးလေးအတွက်ကြည်နူးမှုလှိုင်းလေးက ရင်ထဲတသိမ့်သိမ့်ဖြတ်စီးဆင်းသည်။

° LAST HOPE °Where stories live. Discover now