11

24.7K 2.6K 1.7K
                                    

[Unicode]

မနက်ခင်း ရာသီဥတုအခြေအနေကတော့
နှင်းမှုန်တွေကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး
မှုန်ဝါးနေသည်။အမှန်ဆို အိမ်ထဲမှာနွေးနွေး
ထွေးထွေးနေဖို့ကောင်းတဲ့အခြေအနေ ဒါပေမဲ့
ထယ်ယောင်းကတော့ပိုက်ဆံအတွက်ရုန်းကန်ဖို့ပြင်ရသည်။လေးလရှိပြီဖြစ်သောဗိုက်ဖောင်းလေးကိုကုတ်
အင်္ကျီထူထူပွပွကြီးဖြင့်ဖုံးကွယ်လျက်အချိန်ပိုင်းအလုပ်ဆီသို့မြန်မြန်ဆန်ဆန်လျှောက်လှမ်းသည်။

တစ်နေရာသို့ရောက်သော် အရင်နေ့တွေလိုပင်
နောက်ကျောမှကပ်လိုက်နေသောခြေသံကိုကြားရ
ပြန်တာကြောင့်ထယ်ယောင်းရင်ထိတ်လာရသည်။ဘယ်သူကများထယ်ယောင်းနောက်ကိုစုံစမ်း
လိုက်နေရတာလဲ။လွန်ခဲ့တဲ့တစ်ပတ်လောက်
တည်းကသတိထားမိနေသောထိုခြေသံပိုင်ရှင်ကိုဒီနေ့တော့ထယ်ယောင်းအမိဖမ်းမည်ဟုဆုံးဖြတ်ပြီးခြေရာဖျောက်ရန်လူအုပ်တွေကြားထိုးဝင်လျှောက်ကာလမ်းကွေ့လေးကြားထယ်ယောင်းဝင်ပုန်းလိုက်သည်။

ဦးတည်ချက်ပျောက်နေသော ခြေတစ်စုံရယ်၊
အနက်ရောင်ဝတ်စုံနှင့် ဦးထုပ်ဆောင်းထားသော
လူတစ်ယောက်က တစ်စုံတစ်ယောက်ကိုရှာဖွေ
နေသလိုပြာယာခတ်နေသည်ကိုထယ်ယောင်းမြင်
တွေ့သွားသည်။

ဧကန်န ထယ်ယောင်းနောက်လိုက်နေခဲ့တာ
ထိုလူများလား၊ မျက်နှာချင်းဆိုင်ထွက်တွေ့ပြီး
အကြောင်းအရင်းကိုမေးကြည့်လိုက်ရင်ကောင်း
မလား၊လူအများသွားလာနေသော လမ်းမထက်မို့
အန္တရာယ်မပြုနိုင်လောက်ပါဘူးဟုတွေးရင်ခြေလှမ်းတွေက ထိုလူအနားသို့တိုးသွားမိသည်။

"ကျွန်တော့်ကို ရှာနေတာလား"

နောက်ကျောမှပြောလိုက်သောထယ်ယောင်းအသံ
ကိုကြားသောအခါထိုလူမှာခေတ္တမျှရပ်တန့်
သွားပြီးပြေးထွက်ရန်ပြင်လာတော့ထယ်ယောင်းကထိုလူလက်ကိုအမြန်လှမ်းဆွဲလိုက်သည်။

"ဘာလို့ ကျွန်တော့်အနောက်လိုက်နေတာလဲ
ကျွန်တော် သတိထားမိသလောက် တစ်ပတ်
ကျော်ပြီ "

ပြန်လှည့်လာသောထိုလူရဲ့မျက်နှာကို့မြင်သောအခါထယ်ယောင်းမှာပါးစပ်အဟောင်းသားဖြစ်သွားရသည်။မျက်နှာကိုသေချာပေါက်မှတ်မိနေပေမယ့်မေ့လျော့နေပြီဖြစ်သော နာမည်ကိုကြိုးစားပြီး
ပြန်တွေးစဉ်...

° LAST HOPE °Where stories live. Discover now