26

27.3K 2.5K 193
                                    

[Unicode]

အခန်းကျယ်ရဲ့ ကုတင်ထက်မှာထယ်ယောင်း
လဲလျောင်းနေခဲ့တာ ၁၃ နာရီခန့်ရှိပြီ။ ၁၃ နာရီ
လုံးလုံးဂျောင်ကုမှာတစ်ရေးမှမအိပ်စက်
ရသေး၊မတော်တဆမျက်လုံးတွေမှိတ်ပြီး
အိပ်ပျော်သွားချိန်ဒီလူသားတွေသူ့မျက်စိရှေ့
မှပျောက်ကွယ်သွားမှာကိုသူကြောက်သည်။
ထိုသို့ဖြင့်သားနိုးနေလျှင်သားကိုထိန်းနေပြီး
သားအိပ်ပျော်သွားရင်ထယ်ယောင်းကိုထိုင်
ကြည့်ရင်းသာအချိန်တွေကုန်ဆုံးစေခဲ့သည်။

မကြာခင်အချိန်လေးမှာပင် ထယ်ယောင်းဆီမှ
ခပ်တိုးတိုးညည်းသံထွက်လာတော့ ဂျောင်ကု
တစ်ယောက်သားပုခတ်လွှဲနေရင်းမှ ထယ်ယောင်းအနားသို့အမြန်ဝင်ထိုင်လိုက်သည်။

"ကျွန်တော့် ကလေး ဟင့်"

"ထယ် စိတ်လျှော့ဘာမှမဖြစ်ဘူး ကလေးရှိတယ်"

နိုးလာသည်နှင့် အလန့်တကြားထထိုင်ပြီး
မျက်ဝန်းအိမ်တွေပြူးကျယ်လျက် တုန်လှုပ်နေသောထယ်ယောင်းပုံစံကြောင့် ဂျောင်ကုဆွဲဖက်လိုက်ပြီးကျောပြင်ကို ပွတ်သပ်ပေးသည်။

"ဂျွန် တောင်းပန်ပါတယ်။
တကယ်တောင်းပန်ပါတယ်သားကထယ့်ရဲ့ဘဝ
မို့လို့မခွဲပါနဲ့ "

"ထယ်ရယ် ... "

ဘာကိုမှမတွေးတော၊မမြင်နိုင်ပဲ သားနှင့်မခွဲဖို့သာ
တဖွဖွရေရွတ်ပြီး တအီအီငိုကြွေးနေသော
ထယ်ယောင်းကြောင့် ဂျောင်ကုရင်ဘတ်ကြီးလဲ
တဆစ်ဆစ်နာကျင်ကိုက်ခဲလာရသည်။

"မခွဲပါဘူး"ဆိုပြီးပွေ့ဖက်ကာနှစ်သိမ့်ပေးနေပေ
မယ့်၊ထယ်ယောင်းမှာသူ့စကားကိုမကြားသည့်
အလားပင်စကားသံတွေ ဗလုံးဗထွေးနဲ့ ငိုယိုနေဆဲ ...

"အား ! ... မနေချင်ဘူး ဒီအိမ်မှာမနေချင်ဘူး၊
ထွက်သွားပါရစေသားနဲ့နှစ်ယောက်တည်းအဝေးဆုံးကိုထွက်သွားပါရစေ "

အသံနက်ကြီးဖြင့် အော်ဟစ်ရုန်းကန်လာသော
ထယ်ယောင်းပုံစံကြောင့်ဂျောင်ကုတုန်လှုပ်လာသည်။

"ထယ် ဘာတွေဖြစ်နေတာလဲ။
စိတ်ကိုလျှော့ သားအိပ်နေတယ်လေ၊
သား လန့်သွားမယ် ".

° LAST HOPE °Where stories live. Discover now