အပိုင်း [ ၃၃ ]

79.2K 9.7K 461
                                    

"ကျွန်တော် ဒီနေ့ ကော်ဖီခြံထဲ သွားလည် မလို့ဗျ"

"ကိုယ်လည်းလိုက်မယ်"

မနက်ခင်းတိုင်း မြတ်သောမာန် မိုင်မိုင်းကို သွားခေါ်ပြီး နှစ်ယောက်အတူ မြို့ထဲသို့ လျှောက်လည်ဖြစ်ကြသည်။ မိုင်မိုင်းက သူ့အား မွေးရပ်မြေ ရဲ့လှပသည့် နေရာတော်တော်များများကို လိုက်ပြတာမို့ မြတ်သောမာန် ခုတစ်ခေါက်တော့ မြို့အနှံ့နီးပါး ရောက်ခဲ့ပါပြီ။

"ကော်ဖီခြံတွေက ဝေးတယ်ဗျ"

"ကားနဲ့သွားကြတာပေါ့"

"ဟုတ်ကဲ့"

Daddy အရင်က ဝယ်ထားသည့် ကော်ဖီခြံကို မြတ်သောမာန် တစ်ခါမှသွားမကြည့်ဖူးပေ။ Daddy က သူ အသက်ကြီးလာတဲ့အခါ ဒီတောင်ပေါ်မြို့လေးမှာ ကော်ဖီတွေစိုက်ရင်း နေချင်သည်ဟု မကြာခဏ ပြောလေ့ရှိခဲ့သည်။

Daddy က သူ့တစ်နေ့တာမှာ ကော်ဖီလေးတစ်ခွက်နှင့်စာအုပ်ထိုင်ဖတ်ရသည့် အချိန်ကို အနှစ်ခြိုက်ဆုံးပင်။

သူ အထက်တန်းကျောင်းသား အရွယ်တုန်းက Daddy ဒီမြို့မှာ အိမ်လာဆောက်တုန်းကတော့ သူတစ်ခါ လိုက်လာဖူးပေမယ့် မြို့ကြီးပြကြီးမှာသာ နေပျော်သည့် သူက တိတ်ဆိတ် ငြိမ်သက်သည့်ပတ်ဝန်းကျင်မှာ ကြာကြာမနေနိုင်ဘဲ နေ့တွင်းချင်းပဲ အိမ်ပြန်ခဲ့၏။

နိုင်ငံရပ်ခြားမှာပဲ အခြေချတော့မည်ဟု ဆုံးဖြတ်ထားခဲ့သည့် သူ့အနေနဲ့ ဒီတောင်ပေါ်မြို့ပေါ်က တိုင်းရင်းသား ကောင်လေးနှင့်မှ အကြောင်းပါဖို့ ဖြစ်လာပြီး

တောင်ပေါ်သားလေးကို ချစ်မိရုံမျှမက ဒီတောင်ပေါ်မြို့လေးကို တစ်ခါရောက်လျှင် တော်တော်နှင့် မပြန်ချင်တော့သည်အထိ။

မြတ်သောမာန် ကားကို ကော်ဖီခြံတွေရှိရာ မြို့ရဲ့တောင်ဘက်သို့ဦးတည်ကာ မောင်းလာရင်း ဆောင်းအငွေ့အသက်လွှမ်းနေသော ပတ်ဝန်းကျင်ကိုလည်း ​သတိထား ကြည့်လာမိသည်။

လွန်ခဲ့သော ၁၀နှစ်ကျော်ကနှင့်ယှဥ်ကြည့်ပါလျှင် သည်မြို့လေးက မိုင်မိုင်းတို့လို ကိုယ့်ဒေသဖွံ့ဖြိုးရေးကို အားကြိုးမာန်တက် ဆောင်ရွက်တတ်သော လူငယ်တွေကြောင့် အရင်ကထက် ပို ပိုပြီး တိုးတက်လျက်ရှိ၏။

မိုင်Where stories live. Discover now