Zawgyi
"ကျွန်တော်တို့ထွက်ပြေးရအောင် ကော"
လျှပ်စီးတစ်ချက်အလက်မှာ ထွက်ပေါ်လာတဲ့စကားသံကြောင့် ရှောင်းကျန့်မျက်ဝန်းတွေကအနည်းငယ် ကျယ်သွားသယောင်ရှိတယ်။
သို့ပေမယ့် မျှော်လင့်တကြီးကြည့်နေတဲ့ကောင်လေးရဲ့အကြည့်တွေကြောင့် အကြောင်းအရင်းတစ်စုံတစ်ရာကိုမေးမနေတော့ဘဲ လိုလားစွာပင်ခေါင်းညိတ်ပြလိုက်တယ်။
ထွက်ပြေးယုံသာမက အတူတူသေကြရအောင် ဆိုရင်တောင် ဒီကောင်လေးတောင်းဆိုလာခဲ့ရင် မလုပ်နိုင်စရာဘာအကြောင်းရှိမှာလဲ။"အင်း... ထွက်ပြေးကြမယ်"
သည်းထန်စွာရွာနေတဲ့မိုးသည်းညမှာ ကောင်ငယ်လေးနှစ်ယောက် တစ်ယောက်လက်ကိုတစ်ယောက်ဆုပ်ကိုင်ပြီး အိမ်ငယ်လေးဆီမှထွက်ပြေးလာခဲ့ကြတယ်။
"ရပ်လိုက်ကြ"
လမ်းတစ်ဝက်အရောက်မှာ ရှေ့မှပိတ်ဆီးကာရပ်လာကြတဲ့လူတစ်စု။
ကြည့်ရသည်တော့ နန်းတွင်းရဲမက်များဖြစ်ပုံရတယ်။
သူ့လက်ကိုဆုပ်ကိုင်ထားတဲ့လက်တစ်စုံက သိသိသာသာတုန်ယင်လာတာကို ရှောင်းကျန့်ခံစားမိတယ်။"အပြစ်သားကိုဖမ်းကြ"
ယောက်ျားကြီး၏ စကားသံအဆုံးမှာ အနားကိုတိုးကပ်လာကြတဲ့လူတွေကြောင့် ကောင်လေးကသူ့ကိုရင်ခွင်ထဲဆွဲသွင်းတယ်။
"ကော"
"ရိပေါ်"
"ကော ကျွန်တော်ဘာအပြစ်မှမလုပ်ထားဘူး"
"ကော သိတယ်"
သူတို့နှစ်ယောက်ကြား ဘယ်တုန်းကမှစကားတွေအများကြီး ပြောစရာမလိုခဲ့။
အကြည့်နဲ့တင် အရာအားလုံးကိုနားလည်စေပြီးနောက်မှာတော့ ရှောင်းကျန့် ကောင်လေးရဲ့ကျောပြင်ကိုဖွဖွပုတ်ပေးလိုက်တယ်။"စိတ်မပူနဲ့ ရိပေါ်
အမှန်တရားကို ဘယ်အရာကမှအနိုင်မယူနိုင်ပါဘူး"ချက်ချင်းပဲ ရဲမက်တွေကအနားသို့တိုးလာပြီး ရိပေါ်ကိုဆွဲခေါ်တယ်။
ရိပေါ်က ကြည်ဖြူစွာ လိုက်ရန်ပြင်ပေမယ့် ရှောင်းကျန့်ကိုပါ ဖမ်းချုပ်နေကြတဲ့ရဲမက်တွေကြောင့် အတင်းရုန်းကန်မိတော့တယ်။