19

15.1K 1.9K 221
                                    

Zawgyi

"ခင်ဗျားလား
ရိပေါ်ကို အဲ့လိုဖြစ်အောင်လုပ်တာခင်ဗျားလား"

ရှောင်းကျန့် မျက်ဝန်းတို့ကနီရဲလာပြီး ဝမ်ရိပေါ်ဝတ်ရုံကိုကိုင်ကာ ဆွဲလှုပ်လိုက်သည်။
ဝမ်ရိပေါ်က ပခုံးတစ်ချက်သာတွန့်ပြသည်။

"ငါ့လက်နဲ့ကိုယ်တိုင်လုပ်တာတော့မဟုတ်ပါဘူး"

"လူယုတ်မာ"

ရှောင်းကျန့် ဝမ်ရိပေါ်ကိုထုရိုက်လိုက်သည်။

"ဘာလို့လဲ
ဘာဖြစ်လို့လဲ
ဘာဖြစ်လို့ ကျွန်တော်တို့ကိုအခုလိုမျိုးတွေလုပ်နေရတာလဲ
ရိပေါ်က ခင်ဗျားကိုဘာလုပ်နေလို့လဲ
သူ့ကြောင့် ခင်ဗျားမိဖုရားသေရတာမဟုတ်ဘူးဆိုတဲ့အမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားနေတာလေ
ဘာဖြစ်လို့ ခင်ဗျားဝင်နှောက်ယှက်နေရတာလဲ"

"အဲ့အတွက် ကိုယ်ပြန်ပေးပြီးသွားပြီလေ
ကျန့်ကို ရက်ပေါင်းသုံးဆယ်တောင်သူ့ဆီသွားခွင့်ပေးထားတယ်မလား
အဲ့လိုခွင့်ပြုထားရတာ ကိုယ့်အတွက်လွယ်တယ်ထင်လို့လား"

"ခင်ဗျား... ခင်ဗျား.... အား ...
ခင်ဗျား လူတစ်ယောက်လုံးကို သေမတတ်နှိပ်စက်ထားပြီး ဒီလောက်လေးနဲ့ကျေနပ်ခိုင်းနေတာလား"

"ဒီလောက်လေး တဲ့လား"

ဝမ်ရိပေါ် သူ့ရင်ဘတ်ကိုထုရိုက်နေသော ရှောင်းကျန့်လက်တွေကိုလက်တစ်ဖက်နဲ့ဆုပ်ကိုင်ပြီး ကျန်တစ်ဖက်ဖြင့်မျက်နှာကိုဆွဲမော့လိုက်သည်။

"မင်းကို သူနဲ့တွေ့ခွင့်ပေးထားတာကို ဒီလောက်လေးလို့ထင်နေတာလား
မင်းရောအပြစ်တွေအရမ်းကင်းစင်နေလို့လား
ငါ့ကွယ်ရာမှာ တခြားယောက်ျားတစ်ယောက်နဲ့တွေ့နေတာ အဲ့တာဖောက်ပြန်မှုပဲ
အဲ့တာကိုမင်းသိလား"

"အဲ့တာဆိုလည်းကျွန်တော့်ကိုသာသတ်လိုက်ပါတော့
ကျွန်တော်တကယ်မွန်းကြပ်လို့သေတော့မယ်
ရိပေါ်က ခင်ဗျားမိဖုရားကိစ္စနဲ့လုံးဝမဆိုင်တာကို ခင်ဗျားလည်းသိတယ်
အဲ့တာကြောင့် ခင်ဗျား အမှန်တရားထွက်ပေါ်လာဖို့ကို မလိုလားတာ
ကျွန်တော်တို့ကို ကစားရတာပျော်နေလို့ ကျွန်တော်တို့ခံစားရတာကိုပျော်နေလို့ ကျွန်တော်တို့ကိုကစားစရာအရုပ်တွေလို့သဘောထားလို့ အခုလိုမျိုးကစားနေတာ"

Heaven or Hell(COMPLETED)Where stories live. Discover now