22

14.1K 1.9K 407
                                    

Zawgyi

လွန်ခဲ့သော နှစ်နှစ်....

"အဆင်သင့်ဖြစ်ရင်သွားရအောင် ချန်း"

"ဟုတ်ကဲ့ မင်းကြီး"

"ဒါနဲ့ဘယ်လိုလဲ ငါ့ပုံစံအဆင်ပြေရဲ့လား"

ဝတ်ထားသော ဝတ်စုံလက်ကိုမြှောက်ကာ ဝမ်ရိပေါ်ကမသက်မသာပုံစံဖြင့်မေးလာသည်။
ကိုယ်ရံတော်ချန်း အမြန်ခေါင်းညိတ်ပြလိုက်သည်။
သာမန်အရပ်သားဝတ်စုံဝတ်ထားသည့်တိုင် မင်းကြီးဝမ်ကေ ချောမောမြဲချောမောဆဲဖြစ်သည်။
ဆံပင်ကိုပါ ဝတ်စုံနှင့်လိုက်ဖက်အောင်ပြင်ဆင်ထားသောကြောင့် ငယ်ငယ်ရွယ်ရွယ်ကောင်လေးတစ်ယောက်၏အသွင်ပေါ်လို့နေသည်။

"ပြေပါတယ်မင်းကြီး"

"နေရာရောသိရပြီလား"

"အတိအကျတော့မသိရသေးပေမယ့် အဲ့အနီးအနားတစ်ဝိုက်မှာပဲလုပ်လိမ့်မယ်လို့ထင်ပါတယ်"

ဝမ်ရိပေါ် ဟက်ခနဲတစ်ချက်ရယ်သည်။

"ရာရာစစ ငါ့ကိုပုန်ကန်ဖို့အစည်းအဝေးလုပ်ရဲကြတယ်ပေါ့"

နိုင်ငံရေးအခြေအနေမတည်ငြိမ်သည်ကိုအခွင့်ကောင်းယူပြီး ဝမ်ရိပေါ်ကိုမလိုလားသည့်အမတ်အုပ်စုက ဝမ်ရိပေါ်ကိုဆွဲချရန် အကောင်အထည်ဖော်ကြတော့သည်။
ထို့ကြောင့် ဝမ်ရိပေါ်မရိပ်မိစေရန်ရည်ရွယ်ပြီး အစည်းအဝေးလုပ်မည့်ရက်ကို တစ်နိုင်ငံလုံး၏ပွဲတော်ညဖြစ်သည့် မီးပုံးပျံပွဲညကိုရွေးချယ်ခဲ့ကြသည်။
သို့ပေမယ့် ဝမ်ရိပေါ်က ထိုသူတို့၏အကြံအစည်ကိုတစ်ကွက်ကျော်ကာကြိုမြင်ခဲ့သည်။

သာမန်အရပ်သားတစ်ယောက်ပုံစံအတိုင်းဝတ်စားဆင်ယင်ပြီးနောက်မှာ ဝမ်ရိပေါ်ထိုသူတို့ရှိနေမည့်နေရာကိုရှာဖွေရန် ကိုယ်ရံတော်ချန်းနှင့်အတူထွက်လာခဲ့သည်။
လမ်းတစ်လျှောက် ဆူညံပျော်ပါးနေကြသော လူများစွာကိုတွေ့ရသည်။
မိသားစုလိုက်သော်လည်းကောင်း သူငယ်ချင်းအုပ်စုလိုက်သော်လည်းကောင်း ချစ်သူစုံတွဲများသော်လည်းကောင်း။

ဝမ်ရိပေါ်ကဆူညံသောနေရာများကိုမကြိုက်။
ယခုကဲ့သို့ လူရှုပ်သောနေရာများက သူ့ကိုအလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်စေသည်။
သို့ပေမယ့် လျှောက်သွားနေကြသောမိသားစုများကိုကြည့်ပြီး အားမကျဘူးဟုပြောရင်တော့ သိသိသာသာကိုလိမ်ရာကျလိမ့်မည်။
လူတိုင်းက ကိုယ်ဘယ်သောအခါမှမပိုင်ဆိုင်နိုင်သောအရာများကိုတွေ့လျှင် မနာလိုဖြစ်ပြီးမုန်းတီးတတ်ကြသည်။
ဥပမာ ဝမ်ရိပေါ်အတွက် လမ်းမပေါ်မှမိသားစုများ။
ဝမ်ရိပေါ်အတွက် ဘယ်သောအခါမှမရှိနိုင်မည့် ဘယ်သောအခါမှမရှိခဲ့သည့် ပျော်ရွှင်ဖွယ်မိသားစုဘဝ။
မိဘနှစ်ပါးရှိသည်ဟုသာအမည်ခံထားပြီး အထီးကျန်စွာကြီးပြင်းလာရသော ဝမ်ရိပေါ်အတွက်တော့ ထိုကဲ့သို့ နွေးထွေးပျော်ရွှင်နေကြသောမိသားစုများက မနာလိုပြီးမုန်းစရာကောင်းသည်။

Heaven or Hell(COMPLETED)Where stories live. Discover now