Part-1

12.7K 859 22
                                    

ချစ်ခြင်း၏စီးဆင်းရာ Ep-1




Zawgyi






သူ ထိုအမျိုးသားလေးကို တွေ့လိုက်ရတော့ တော်တော်လေး အံ့ဩသွားရသည်။

အရပ်က မနိမ့်မမြင့်၊ ပိန်ပိန်ပါးပါး၊ နှာတံပေါ်ပေါ်၊ ပိရိသေသပ်သော နှုတ်ခမ်းတစ်စုံ။

ပြီးတော့.....

စူးရှတောက်ပသော မျက်ဝန်းအနက်အရောင်များနှင့် ဘယ်ဘက်နှုတ်ခမ်းအောက်မှ မှဲ့နက်တစ်ခုကို ပိုင်ဆိုင်ထားသည်။

ထိုကဲ့သို့ ရုပ်ရည်မျိုးပိုင်ဆိုင်ထားသော ကောင်ကလေးငယ်လေးက ထားပါတော့။

ဝတ်စားဆင်ယင်မှုကို ကြည့်ဦးမလား.....။

တကယ့်နာမည်ကြီးတံဆိပ်အင်္ကျီနှင့် ဘောင်းဘီရှည်တစ်ထည်ကို အဆင့်အတန်းမြင့်မားစွာ ဝတ်ဆင်ထားသည်။

ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီး ပီကေကို တတောက်တောက်ဖောက်ကာ သူ့ရုံးခန်းထဲသို့ ကိစ္စတစ်ခုဖြင့် ရောက်လာခဲ့သည်။

"ထိုင်လို့ ရတယ်မဟုတ်လား"

မေးပုံကိုက ပိတ်ရိုက်ချင်စရာ ကောင်းလှသည်။

သူလည်း မျက်လုံးတစ်ချက်လှန်၍ ခေါင်းဆတ်ပြလိုက်သည်။

ကုန်တိုက်၏Guardနှစ်ယောက်က မပြန်သေးဘဲ ရပ်နေသည်ကြောင့် သူ အပြင်ထွက်သွားရန် လက်တစ်ချက်ပြလိုက်သည်။

Guardတွေ ထွက်သွားတော့မှ သူ သက်ပြင်းငွေ့ငွေ့ကို ချလိုက်ပြီး ကောင်ကလေးကို စူးစိုက်ကြည့်၍ စကားစပြောရန် စကားလုံးရွေးလိုက်သည်။

ကောင်ကလေးကတော့ သူ ဘာအပြစ်မှ မလုပ်ထားသည့်နှယ် အေးအေးဆေးဆေး ရှိနေလေသည်။

"ဒီလိုရှိပါတယ်။ ကျွန်တော့်ရဲ့ကုန်တိုက်က နေရာတိုင်းမှာ CCTV Cameraတွေ တပ်ဆင်ထားတာပါ။ ကျွန်တော်ကလည်း ဟိုမှာ မြင်နေရတဲ့ TVထဲက ကုန်တိုက်ရဲ့အခြေအနေကို အမြဲ စောင့်ကြည့်နေပါတယ်။ ကျွန်တော့်ကုန်တိုက်က ဝန်ထမ်းတွေ အားလုံးကလည်း ရိုးသားပြီးသစ္စာရှိကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စောစောကအဖြစ်အပျက်တွေ အားလုံး TVထဲက ကြည့်ပြီးပါပြီ"

ချစ်ခြင်း၏စီးဆင်းရာ [Completed]Where stories live. Discover now