Part-19

4.3K 382 7
                                    

ချစ်ခြင်း၏စီးဆင်းရာ Ep-19


Zawgyi




  နောက်တစ်နေ့တွင်လည်း ကောင်ကလေးသည် သူ့ကို ဘာမှမပြောဘဲ သူ့ဘာသာတစ်ယောက်တည်း အပြင်ထွက်သွားပြန်သည်။

  သူတို့ အခြေအနေကို မားကရိပ်မိ၍.....

  "သားတို့ ဘာဖြစ်ထားကြတာလဲ၊ စိတ်ကောက်နေကြတာလား၊ သားက အကြီးပဲကွယ် အလျော့ပေးပြီး ခေါ်လိုက်ပေါ့"

  "မဟုတ်ပါဘူး မား၊ စိတ်မကောက်ပါဘူး"

  သူ ခပ်လေးလေးဖြေ၍ အိတ်ဆွဲပြီး ကုန်တိုက်သို့ ထွက်ခဲ့သည်။ ထိုနေ့က သူသည် ရုံးခန်းထဲတွင် ကောင်ကလေး ကုန်တိုက်သို့ ဝင်လာခဲ့သောနေ့တစ်နေ့ကိုပဲ ထပ်ခါထပ်ခါပြန်၍ တွေးတောနေမိ၏။ လူမြင်မည်စိုး၍ ဂျယ်လီဘူးများကို ဖွက်၍စားနေပုံမှာ ချစ်စဖွယ်အတိ။

  ကောင်ကလေးရယ် မင်းကို ကိုယ် သိပ်ပြီးတမ်းတနေမိပါပြီကွာ.....

  "ရီပေါ်၊ ရီပေါ်"

  အပြင်မှ တံခါးခေါက်သံကြောင့် လော(ခ့်)ချထားသည့်တံခါးကို သွားထဖွင့်ပေးရသေး၏။

  "ဘာကိစ္စရှိလို့လဲ ဖိန်လီ"

  "ဘာကိစ္စမှမဟုတ်ပါဘူး ရီပေါ်ရယ်၊ ဖိန်လီ့ ကိစ္စပါ၊ ရီပေါ်နဲ့ တိုင်ပင်ချင်လို့ အခန်းထဲဝင်မယ်နော်"

  "ဝင်လေ"

  ရီပေါ် ယွေ့ဖိန်လီကို သတိထားဆက်ဆံပေမယ့်၊ ဟိုတစ်နေ့ကလောက် တင်းတင်းမာမာ မဆက်ဆံမိချေ။

  ယွေ့ဖိန်လီက ခုံတွင် နွမ်းလျစွာဝင်ထိုင်ပြီး.....

  "ဒီလိုပါ ရီပေါ်ရယ်၊ ရှေ့နေရဲ့ခေါ်စာအရ ဖိန်လီတို့က အခုနေနေတဲ့အိမ်က ဆင်းပေးရမယ်၊ နစ်နာကြေးအဖြစ် Yuanသိန်း(50)ပေးတယ်၊ ဖိန်လီတို့ ရသင့်ရထိုက်တဲ့အမွေအပြင်ပေါ့၊ ဖိန်လီတို့ (1)လအတွင်း ဆင်းပေးရမယ်၊ အဲဒါ အိမ်လိုချင်လို့ ဖိန်လီတို့သားအမိနေလောက်ရုံ တိုက်ခန်းလေးတစ်ခန်းဖြစ်ဖြစ် ဝယ်ချင်လို့"

  "အဲဒီတော့ ကျွန်တော်က ဘာလုပ်ပေးရမှာလဲ"

  "တိုက်ခန်းတွေ ရှာဖို့အတွက် ဖိန်လီ ခွင့်(2)ပတ်လောက် လိုချင်လို့ပါ"

ချစ်ခြင်း၏စီးဆင်းရာ [Completed]Where stories live. Discover now