Part-3

6.5K 692 20
                                    

ချစ်ခြင်း၏စီးဆင်းရာ Ep-3




Zawgyi







  နာရီကြည့်လိုက်တော့ 9:00။

  သူ ညကအိပ်တာ တော်တော်နောက်ကျသွား၍ နံနက်ဒီအချိန်မှနိုးခြင်း ဖြစ်သည်။ ခါတိုင်းဆို သူ6:00ထနေကျ။

  ထို့ကြောင့် အိပ်ရာထဲမှ ဝုန်းခနဲ ထပြီး ကမန်းကတန်း မျက်နှာသစ်လိုက်သည်။

  ပြီးနောက် အဝတ်အစားမြန်မြန်လဲကာ အောက်ထပ်သို့ပြေးဆင်းလာခဲ့၏။

  "ဟဲ့...သား ဘယ်လိုဖြစ်လာတာလဲ"

  "ကုန်တိုက်သွားဖို့ နောက်ကျနေပြီ မားရဲ့"

  "နောက်ကျနေလဲ မသွားနဲ့ပေါ့ သားရဲ့၊ တစ်နေ့တစ်လေပဲဟာ"

  "ဟာ မားကလဲ Managerတွေက စိတ်ချရတာမဟုတ်ဘူး၊ Managerနဲ့ အရောင်းကောင်တာက မိန်းကလေးနဲ့ ပေါင်းလိုက်ရင် သွားရော"

  သူ့ကုန်တိုက်ကြီးကို စိတ်မချစွာ ပြောလိုက်သည်မို့ မားက သူ့ကိုပြုံးကြည့်ကာ.....

  "ဒါဆိုရင်လည်း သွားလေ၊ Coffeeနဲ့ မုန့်တော့စားသွားလိုက်ဦး မင်းရဲ့ညီ ဖျော်ထားတာတွေ"

  ကောင်ကလေးကို သူ တစ်ချက်လှမ်းကြည့်လိုက်တော့ ဣနြေ္ဒရရစားသောက်နေသည်။ သူလည်း Coffeeကရားကို ငှဲ့၍ သောက်လိုက်၏။

  အားပါး.....။

  Coffeeခါးခါးက သူ့လည်ချောင်းထဲသို့ ပြင်းရှစွာစီးဝင်သွားသည်မို့ လူက လန်းဆန်းသွားရသလိုပင်။

  "ဘယ်ဆိုးလို့လဲ"

  သူ့ပါးစပ်က ထုတ်၍ ချီးကျူးလိုက်တော့ ကောင်ကလေးက ပြုံး၏။ ခါတိုင်း ဒေါ်မို၏လက်ရာ ချိုချိုရဲရဲကြီးကို သူ သောက်နေရတာ ငြီးငွေ့လှပြီဖြစ်သည်။

  "ဘယ့်နှယ်လဲ မင်းညီလက်ရာ"

  "ကောင်းပါတယ် မားရဲ့၊ ကဲ မား သား သွားပြီ"

  "အေး၊ အေး၊ ဪ...ဟဲ့ ညီလေးကိုတောင် နှုတ်ဆက်မသွားဘူး"

  မားက သူ့ကို လှမ်းပြော၏။

  သူ ဘာမှပြန်မပြောမိချေ။

  သို့သော် ကောင်ကလေးက သူ့ရဲ့အိတ်ကိုဆွဲပြီး အိမ်ပေါက်ဝထိလိုက်ပို့သောကြောင့် သူ ကျေနပ်သွားရသည်။

ချစ်ခြင်း၏စီးဆင်းရာ [Completed]Where stories live. Discover now