Part-8

5.2K 543 16
                                    

ချစ်ခြင်း၏စီးဆင်းရာ Ep-8





Zawgyi







  "ဖိန်လီ...ယူတို့အိမ် လိုက်လည်ချင်တယ် ရီပေါ်"

  "ဟာ...ယွေ့ဖိန်လီကလည်း၊ ကျွန်တော်နဲ့ ဖိန်လီက ဒီလောက်ခင်တာမှ မဟုတ်တာ၊ တော်ကြာ မားက ကျွန်တော်နဲ့ ဖီလီကို တစ်မျိုးတွေထင်ကုန်မှာပေါ့"

  သူ့ရဲ့ ပြောင်ကျသောစကားပြောင့် ယွေ့ဖိန်လီ ထိတ်ပြာသွား၏။ ပြီးတော့မှ မျက်နှာကို ချက်ချင်းပြင်ကာ.....

  "အို...ရီပေါ်ကလည်း အိမ်လိုက်လည်ရုံနဲ့ ထင်စရာ အကြောင်းမရှိပါဘူး၊ ရီပေါ့်မားက ခေတ်မီနားလည်သားပဲ ပြီးတော့ နာချင်းနာ ဖိန်လီက နာရမှာပါ"

  ယွေ့ဖိန်လီရဲ့ ခပ်မာမာအသံကြောင့် ဟုတ်သားပဲဟု တွေးမိ၏။ ပူစရာမရှိ ကြံဖန်ပူနေမိသော သူ့အဖြစ်ကို ရယ်ချင်သွားမိသည်။

  သို့သော်.....

  သူချစ်ရတဲ့ ကောင်ကလေးရှေ့မှာ သူ့ကို တခြားမိန်းကလေးနှင့်တွဲ၍ မမြင်စေချင်ပါ။

  ထို့ကြောင့်.....

  ပြီးလျှင်ပြီးရောသဘောမျိုးဖြင့်.....

  "အင်း၊ ဒီနေ့တော့ ကျွန်တော် မအားဘူး ဖိန်လီ၊ နောက်တော့ လိုက်ပေါ့"

  "အင်ပါ၊ ယူ့ ကြည့်ရတာတော့ ဘယ်နေ့မှ အားမယ့်ပုံကိုမရှိဘူး"

  ယွေ့ဖိန်လီရဲ့ မှတ်ချက်ကို ရီပေါ် ဘာမှမပြောဘဲ Fileတွဲကိုသာ ကြည့်နေမိတော့သည်။

❤💚❤💚❤💚

  အိမ်ပြန်ရောက်တော့ မားကို ထိုအကြောင်းပြောပြမိ၏။

  "မား၊ သားကို ဖိန်လီက အိမ်လိုက်လည်ချင်တယ်လို့ အတင်းပြောနေတယ် အဲဒါ သား ခေါ်ခဲ့ရမလား"

  မားက သူ့ကို နားလည်ရခက်သော အကြည့်မျိုးဖြင့်ကြည့်ကာ ပြုံး၏။ မားနံဘေးတွင် ထိုင်နေသော ကောင်ကလေးသည်လည်း သူ့ကို ဖျတ်ခနဲ မျက်လုံးလှန်ကြည့်သည်။ သူ အနေရခက်စွာ သက်ပြင်းခပ်ဖွဖွချ၍ မား ပြောလာမည့်စကားကို နားစွင့်နေမိတော့သည်။

  "ဪ...အဲဒီမိန်းကလေးက အဲလိုပြောသလား၊ သား သဘောကရော ခေါ်ခဲ့ချင်လား"

ချစ်ခြင်း၏စီးဆင်းရာ [Completed]Where stories live. Discover now