Part-12

5.1K 489 14
                                    

ချစ်ခြင်း၏စီးဆင်းရာ Ep-12
 

 

Zawgyi




  ခြေသံတရှပ်ရှပ်ကြောင့် ရီပေါ် အိပ်နေရာမှ လန့်နိုးလာရသည်။

  နိုးနိုးချင်း သူ အရင်စဉ်းစားမိသည်က ကျန့်ကျန့်အကြောင်း ဖြစ်သည်။

  ကျန့်ကျန့် ဘာများဖြစ်နေပြီလဲဆိုသည့် စိုးရိမ်မှုကြောင့် သူ အိပ်နေရာမှ ဝုန်းခနဲ ထထိုင်လိုက်၏။ ပြီးနောက် တံခါးနားသွား၍ မှန်ဘီလူးအပေါက်မှ ကြည့်လိုက်သည်။

  ဟင်.....

  ဟိုနေကာမျက်မှန်နဲ့လူရယ် သူ့အဖော်နောက်တစ်ယောက်ရယ်ပါလား.....

  ပူပန်မှုက သူ့ရင်ကို အလုံးအရင်းထိုးနက်နေလေသည်။ ထို့ကြောင့် အပေါ်ဝတ်အင်္ကျီကို ခပ်သုတ်သုတ်ဝတ်ပြီး အခန်းထဲရှိ Telephoneမှ ဧည့်ကြိုကိုအရင်ဖုန်းဆက်၊ ဧည့်ကြိုကနေမှ ကျန့်ကျန့်ဆီ ဖုန်းခေါ်ခိုင်းလိုက်သည်။

  "ကျန့်ကျန့်"

  "Hello"

  ခဏအကြာ အိပ်ချင်မူးတူးသံလေးဖြင့် ကျန့်ကျန့်က ဖုန်းလာကိုင်သည်။ သူ ကောင်ကလေး အိပ်ပျော်နေသည်ကို နှောင့်ယှက်လိုက်ရ၍ စိတ်ထဲမကောင်းချေ။ သို့သော် မတတ်နိုင်။ အန္တရာယ်က အရေးကြီးလေသည်။

  "ကလေးလား ကိုယ်ပါ"

  "ပြောလေ ဘာကိစ္စရှိလို့လဲ၊ ကျန့်ကျန့်က အိပ်ပျော်နေတာ ဖုန်းလာလို့ လန့်သွားတာပဲ"

  ကလေးရဲ့ ခပ်ချွဲချွဲအသံလေးက သူ့ရင်ကို ထိရှစေ၏။ ကလေး တစ်ခုခုဖြစ်သွားလျှင် သူ နှလုံးသွေးရပ်သွားနိုင်သည်ထိအောင်ပင် ဒီကောင်ကလေးကို ချစ်ပါသည်။ တစ်ဘက်မှ ကလေးက သူ့ရဲ့နှုတ်ဆိတ်နေမှုကို မကျေနပ်ဟန်ဖြင့်.....

  "ပြောလေဗျာ ပြောစရာရှိရင် ကျန့်ကျန့် ဖုန်းချလိုက်တော့မယ် အရမ်းအိပ်ချင်နေပြီ"

  "နေဦး၊ ဖုန်းမချလိုက်နဲ့ဦးနော် ကလေး ကိုယ်ပြောမယ်၊ အရေးကြီးလို့ပါ ကလေး မကြောက်နဲ့နော်"

  "ဘာလဲဟင်၊ ဘာလဲ"

  ရှောင်ကျန့် မျက်လုံးကျယ်သွားရသည်။

ချစ်ခြင်း၏စီးဆင်းရာ [Completed]Where stories live. Discover now