Part-4

5.8K 631 13
                                    

ချစ်ခြင်း၏စီးဆင်းရာ Ep-4




Zawgyi







  "သားရေ၊ ဒီနေ့ မားတို့ မင်းနဲ့အပြင်ကိုလိုက်မယ်"

  မားစကားကြောင့် သူ Coffeeသောက်နေရာမှ မားကို မော့ကြည့်လိုက်သည်။

  သူ့အကြည့်ကို မားက သဘောပေါက်ဟန်တူ၏။

  "မင်းရဲ့ညီကိုလည်း ကြည့်ပါဦး"

  မားစကားကြောင့် သူ့ရဲ့အကြည့်က ကောင်ကလေးဆီသို့ ရောက်သွား၏။

  ဟုတ်ပါရဲ့ ကောင်ကလေး အင်္ကျီက ပွယောင်းယောင်း၊ ပြီးတော့ ဘောင်းဘီကရှည်၍ ခေါက်တင်ထားပေမယ့် ခြေဆွဲနေသည်ကြောင့် သူ့ပုံစံက ရယ်ချင်စရာဖြစ်နေသည်။

  ရီပေါ် ကောင်ကလေး ပုံစံကိုကြည့်ပြီး တစ်ချက်ပြုံးမိသည်။

  "သားရဲ့ အင်္ကျီတွေယူဝတ်ဖို့ မားပြောသေးတယ်၊ ဦးပါ အင်္ကျီတွေထက်စာရင် သားရဲ့အင်္ကျီSizeအသေးဆုံးတွေက နည်းနည်းတော်သေးတာပေါ့၊ ဒါပေမဲ့ မဝတ်ရဲဘူးတဲ့ သားပြောမှာစိုးလို့တဲ့လေ၊ ဟင်း...ဟင်း"

  မားက သဘောတကျ ရယ်မောနေလေသည်။

  "ယူဝတ်ပေါ့၊ မင်းကို ဘယ်သူက ဘာပြောမှာမို့လို့လဲ မရှိလို့ဝတ်တာပဲ"

  "ဟာ...မဝတ္ခ်င္ပါဘူး၊ ခင္ဗ်ားအက်ႌSizeအေသးဆံုးက အႀကီးႀကီး"

  ကောင်ကလေးက ခပ်တင်းတင်းပြောနေသည်မို့ သူ ဆက်မပြောတော့ချေ။

  "ကဲပါ...မားကလည်း အပြင်မထွက်တာကြာတော့ လိုက်မလို့၊ သားတို့ ကုန်တိုက်ရော တခြားဈေးတွေရောပေါ့ သွား၊ သွား သားလေး အဝတ်သွားလဲချေ"

  "ဟုတ်ကဲ့ အန်တီ"

  ကောင်ကလေးက မားစကားကိုကျ နားထောင်ရှာသည်။ တစ်ခါတည်း ထ၍ အင်္ကျီသွားလဲ၏။

  "သားရယ် ကောင်ကလေးကို ဒီလောက်တင်းတင်းကြီး မဆက်ဆံပါနဲ့၊ ကောင်ကလေးက မား စကားနားထောင်ရှာပါတယ်၊ မားကိုလည်း ချစ်ပါတယ်၊ ပြီးတော့ မား ခိုင်းတာလဲ အားလုံးလုပ်တယ်၊ ချက်ရေးပြုတ်ရေးကအစ သား စားတာတွေအားလုံး သူချက်ထားတာပဲ တော်ကြာ မနေနိုင်လို့ ထွက်သွားမှဖြင့် မား ရင်ကျိုးလိမ့်မယ် မားလည်း အားကိုးရလွန်းလို့ ချစ်နေပြီ"

ချစ်ခြင်း၏စီးဆင်းရာ [Completed]Where stories live. Discover now