Part-6

5.5K 581 11
                                    

ချစ်ခြင်း၏စီးဆင်းရာ Ep-6




Zawgyi






  သူ ညက တစ်ညလုံး အတွေးတွေကြောင့် မနက်မိုးလင်းတော့ ကောင်ကလေးကို ရင်မဆိုင်ရဲတော့ပေ။

  သူ့ရဲ့အသက်က32 ကောင်ကလေးရဲ့ အသက်က 18နှစ်။

  ဘယ်လိုမှ မဖြစ်နိုင်ပါ။

  ပြီးတော့ ကောင်ကလေးက ဘယ်ကမှန်း မသိ။ သူနှင့်မား ကောင်ကလေးပြောသလောက်သာ သိထားရခြင်း ဖြစ်သည်။

  ဒီနေ့ သူ ကုန်တိုက်မသွားဖြစ်။

  တစ်လလုံးတွင် ဒီတစ်ရက်တည်းသာ သူ့ရဲ့ နားရက်ဖြစ်သောကြောင့် ရီပေါ် အေးအေးဆေးဆေး နေနေမိသည်။

  ကောင်ကလေးက အလုပ်ရှုပ်နေပုံရ၏။

  တစ်မနက်လုံး ဈေးသွားချက်ပြုတ်ဖြင့် ရှုပ်ယှက်ခတ်နေသည်။ ဈေးသွားခါနီးတွင်.....

  "ခင်ဗျား ဘာစားချင်လဲ ဦးဝမ်ရီပေါ်၊ ကျွန်တော့်ကိုပြောပါ အားမနာနဲ့ ဒီနေ့တစ်ရက်ပဲ ခင်ဗျားက နားတာမှတ်လား"

  "ရပါတယ်၊ မင်းချက်တာ ငါ စားမှာပေါ့၊ ခါတိုင်းလဲ စားရတာ အဆင်ပြေတာပဲဟာ"

  "ဒါဆိုရင် ဒီမနက် ပုဇွန်ချက်မယ်၊ အစိမ်းကြော်မယ်၊ ပြီးတော့ ဟင်းရည်တစ်ခွက်ချက်မယ်၊ နေ့ခင်း ဟင်းခါးချက်မယ် ဘယ်လိုလဲ"

  ရီပေါ် ခေါင်းညိတ်ပြလျက်.....

  "အစ်ကိုကြီး ကြိုက်သလိုသာ လုပ်ပါဗျာ"

  အပြောင်အပျက်ပြောလိုက်သော သူ့စကားကို ကောင်ကလေးက အံ့ဩခြင်းကြီးစွာ မော့ကြည့်၏။

  "ဒါဆို ဈေးသွားတော့မယ်"

  "လိုက်ပို့ပေးရမလား"

  "ရပါတယ်၊ ခါတိုင်းလဲ ဒီလိုပဲ သွားနေကျ"

  ကောင်ကလေးက ဈေးခြင်းလေးဆွဲကာ ထွက်သွား၏။ ကောင်ကလေးကို ကြည့်ပြီး ရီပေါ် ကြည်ကြည်နူးနူးလေး ခံစားရ၏။ သူ့ဘဝမှာ ထိုကောင်ကလေး ရောက်လာမှ ပိုပြီး ပြည့်စုံနေသလိုလို ခံစားရသည်။ ဒီကောင်ကလေးနှင့် ပတ်သက်လာမှ သူ ရင်တွေ ခုန်တတ်လာခြင်း ဖြစ်၏။ ထို့ကြောင့်လည်း ယခုမှ ထိုကောင်ကလေးကို ပြေပြေလည်လည် ဆက်ဆံလာမိခြင်း ဖြစ်သည်။

ချစ်ခြင်း၏စီးဆင်းရာ [Completed]Where stories live. Discover now