Part-5

5.8K 677 12
                                    

ချစ်ခြင်း၏စီးဆင်းရာ Ep-5





Zawgyi







  သူ ကားပေါ်မှ အရုပ်ကိုပိုက်ပြီး ဆင်းလာတော့ သူ့ရင်ထဲတွင် တစ်မျိုးလေးခံစားရသည်။

  အရုပ်ကို နောက်တွင်ဝှက်ပြီး စေ့ရုံသာစေ့ထားသော တံခါးကို အသာတွန်း၍ ဝင်ခဲ့လေသည်။

သူ ဧည့်ခန်းထဲလှမ်းကြည့်လိုက်တော့ မားနှင့်ကောင်ကလေးကို တွေ့ရ၏။ နှစ်ယောက်သား TVကြည့်နေကြ၏။

  "ဟဲ့...သား၊ ကြည့်ရတာ ခိုးကြောင်ခိုးဝှက်နဲ့ ဘာဖြစ်နေတာလဲ၊ လက်ထဲက ဘာလဲ"

  မားက သူ့ကို မသင်္ကာသလိုကြည့်ကာ မေးနေသည်မို့ သူ ဘာမှမပြောဘဲ သူ့ကို ကျောခိုင်းပြီးထိုင်နေသော ကောင်ကလေးရဲ့အနားသို့ ခြေသံမကြားအောင် တိုးကပ်သွားပြီး အရုပ်ကို ကောင်ကလေးအပေါ် ပစ်တင်လိုက်သည်။

  "မား"

  ကောင်ကလေးက သူ ဆင်ထားသောအကွက်အတိုင်းပင် လန့်သွားသည်။ ပြီးနောက် အရုပ်ကြီးကိုကိုင်၍ သူ့ဘက် လှည့်လာ၏။

  "ဒါ ဘာလုပ်ရမှာလဲ"

  "မင်းအတွက်လေ၊ ဘာလဲ မလိုချင်ဘူးလား"

  ကောင်ကလေးက အရုပ်ကလေးကို သေသေချာချာ ကြည့်လိုက်ပြီးမှ.....

  "ဘယ်သူမှ အတင်းမတောင်းပါဘူး၊ စေတနာရှိရင်ပေး မပေးချင်ရင် ပြန်ယူသွား"

  သူ့ကို ခပ်မာမာ ပြန်ပြောနေပြန်သည်ကြောင့် ရီပေါ် အသည်းယားသွားရသည်။

  "ဟိတ်...ပေးချင်လို့ ယူလာတာပေါ့၊ မပေးချင်မှတော့ ကုန်တိုက်မှာပဲ ထားခဲ့ပြီ၊ ယူစရာရှိ မယူဘူး"

  သူ ခပ်မာမာပြောလိုက်တော့ ကောင်ကလေးက ငြိမ်ကျသွား၏။

  "သားကို မား မေးစရာရှိလို့ စောင့်နေတာ"

  "ဘာများလဲ မားရဲ့"

  ရီပေါ် မားအနားတိုး၍ မား ပခုံးကို ခပ်ဖွဖွ ဖက်လိုက်တော့၊ မားက သူ့ကို စူးစူးစိုက်စိုက်ကြည့်၍.....

  "ယွေ့ဖိန်လီဆိုတဲ့ ကောင်မလေးနဲ့ သားက..."

  "ဟာ...မားကလည်း၊ သားတို့က ကျောင်းတုန်းကတည်းက သူငယ်ချင်းတွေပါ၊ အဲဒါ သူက သားဆီမှာ အတင်းအလုပ်တောင်းလို့ ပေးထားတာ၊ အလုပ်ဝင်တော့လဲ အရင်တုန်းက သူငယ်ချင်းတွေလို ခေါ်ပြောဆက်ဆံနေတာပါ မား၊ တလွဲမထင်ပါနဲ့"

ချစ်ခြင်း၏စီးဆင်းရာ [Completed]Where stories live. Discover now