Part-2

8K 738 25
                                    

ချစ်ခြင်း၏စီးဆင်းရာ Ep-2





Zawgyi






  "မား ဒါ ကျန့်ကျန့်တဲ့ မားအတွက် အဖော်လုပ်ဖို့ခေါ်လာတာ ကျန့်ကျန့် ဒါမင်းပြုစုရမယ့်သူပဲ"

  "ဟုတ်ကဲ့ အန်တီ ကျန့်ကို ကြိုက်တာခိုင်းပါ၊ ကျန့် လုပ်ပါ့မယ်"

  မားက ကောင်ကလေးကို တစ်ချက် ခြေဆုံးခေါင်းဆုံး အကဲခတ်သလို ကြည့်၏။ မားက လူကဲခတ်သည့်နေရာမှာ နံပါတ်တစ်မို့ မား ဘာပြောလိုက်မလဲဟု သူ ရင်တမမနှင့်ရှိနေရသည်။

  "သားလေးက ချစ်စရာလေးပဲ သားနဲ့ဘယ်လိုတွေ့ပြီး ပါလာရတာလဲ"

  "အဲ...ဟို...ဟို"

  ကောင်ကလေးက ပြန်မဖြေတတ်ဘဲ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေ၍ သူ ကမန်းကတန်း ဝင်ဖြေပေးလိုက်သည်။

  "ဒီလိုပါ မား၊ သူ့ပါးရော သူ့မားရော ဆုံးသွားပါပြီ၊ အဲဒါ သူ့မိထွေးအိမ်မှာမနေချင်လို့ သားကို အလုပ်ရှာပေးပါဆိုလို့ သားက တခြားလည်းမပို့ချင်၊ မားကလည်း အဖော်လိုချင်တယ်ဆိုတာနဲ့ ခေါ်လာခဲ့ရတာပါ"

  "ဒါဆို သားနဲ့က သိတာကြာပြီလား"

  "မဟုတ်ပါဘူး မား၊ သားတို့ ကုန်တိုက်က ဝန်ထမ်းတစ်ယောက်ရဲ့အသိပါ"

  "ဪ"

  မားက ကောင်ကလေးကို ဒုတိယအကြိမ်ထပ်ကြည့်၍.....

  "အန်တီ့နား လာပါဦး သားလေးရဲ့"

  "ဗျာ...ဟုတ်ကဲ့ လာပါပြီ အန်တီ"

  ကောင်ကလေးက မားအနားသို့ လျှောက်သွားပြီး မားနံဘေးရှိ Sofaပေါ်တွင် ဝင်ထိုင်လိုက်၏။ ထို့ကြောင့် သူ ထိုကောင်လေးကို စိတ်တိုသွားရသည်။

  ဒီကောင်ကလေး နည်းနည်းလေးမှ အလိုက်မသိတတ်ဘူး။ သူ့ကို ဘယ်နေရာမှာ ထားမလဲ။ သူ မစဉ်းစား။ Sofaပေါ်တွင် ခပ်တည်တည်နှင့် ဝင်ထိုင်ရဲသည်။ ရဲတင်းလိုက်တာဟု တွေးမိ၏။

  မားကတော့ ဘာမှအပြစ်မပြောဘဲ သဘောတကျ ပြုံးနေသည်။

  "အသားအရေလေးက ကောင်းလိုက်တာ၊ အန်တီ သဘောကျလိုက်တာ၊ မိန်းကလေးတွေထက်တောင် အသားအရေလေးက ကောင်းနေသေးတယ်၊ ချစ်စရာကောင်းလိုက်တာ၊ နှုတ်ခမ်းအောက်မှာလေးက မှဲ့နက်လေးနဲ့၊ အို...ယောကျာ်းလေးလို့ပြောရင်တောင် မယုံနိုင်စရာကွယ်"

ချစ်ခြင်း၏စီးဆင်းရာ [Completed]Where stories live. Discover now