Episode 03

6.8K 620 91
                                    


* Unicode *

* လရောင်လွှမ်းတဲ့အချစ်အိပ်မက် *

* အပိုင်း ၀၃ *


  " လာခဲ့ပေးပါ ကိုကို "

" ငါမအားဘူး ငါအချိန်ပိုင်းအလုပ်ရှိတယ် "

" ကျွန်တော့်မှာ ကိုကိုတစ်ယောက်ပဲရှိတာလေ ကိုကို မလာရင် တကယ်ဝမ်းနည်းမိမှာ ကိုကို့ကို ကျွန်တော် ဒီလောက်ချစ်တာကို ဘာလို့ နည်းနည်းပိစိတောင် အသိအမှတ်မပြုနိုင်ရတာလဲ ကျွန်တော် ဘွဲ့ယူ‌တဲ့နေ့တောင် ပန်းစည်းလေးလာမပေးနိုင်ဘူးလား "

  " ဆက်ပြောနေမယ်ဆိုရင် အလုပ်ချိန်မှာ နှောင့်ယှက်မှုနဲ့ ငါမင်းကိုရဲတိုင်တော့မှာ ထွက်သွား ...  "

" ကိုကို့သဘောပါ ဒါပေမဲ့ ကျွန်တော် မျှော်နေမှာ အဲ့ဒီ့တစ်နေ့လုံး ကျွန်တော်မျှော်နေမှာ ဒီက ကောင်လေးက ကိုကို့ကိုအကြီးကြီးချစ်တာမို့ "

လက်နှစ်ဖက်ကိုခေါင်းပေါ်တင်ရင်း Heart Sign လေးလုပ်ပြသွားတဲ့ ကောင်ငယ်လေးကို အမှတ်တမဲ့ကြည့်ရင်း ဖာသိဖာသာ မျက်နှာလွှဲလိုက်သည်။ ထပ်တုံ့ပြန်မလာတဲ့သူ့ကြောင့် ထိုကောင်လေး ဘာမှမပြောဘဲ ထွက်သွားတော့မှ စစ်လက်စစာရင်းကိုရပ်ကာ သက်ပြင်းချလိုက်သည်။

တကယ်ပါ ပက်ဂျီမင် ဆိုတဲ့သူ့ဘဝမှာ ဂျွန်ဆိုတဲ့မျိုးရိုးကိုအမုန်းဆုံး...။ အဲ့ဒါကြောင့်မို့ ဂျွန် မျိုးရိုးရဲ့သွေးတွေ စီးဆင်းနေတဲ့ကောင်ငယ်လေးကို ကောင်းကောင်းမွန်မွန်မဆက်ဆံပေးနိုင်။ ဘယ်လောက်ဆူဆူ ဘယ်လောက်ဆဲဆဲ အလယ်တန်းကျောင်းသားဘဝကတည်းက အခု အထက်တန်းပြီးတဲ့အထိ အပြုံးမပျက် နေ့တိုင်းလာကပ်တွယ်နိုင်တဲ့ ထိုကောင်လေးကို မဆိုစလောက်လေး သံယောဇဉ်ရှိပေမဲ့ သူ မကြင်နာနိုင်ပါ။ ဂျွန်မျိုးရိုးကိုတကယ်မုန်းသည်မို့။

💠💠💠



" ဒီနေ့က ဘယ်သူ့စတိုင်လဲသခင်လေး "

မှန်တင်ခုံရှေ့ထိုင်ပြီး ဆေးလိပ်ဖွာနေရင်း ဘေးနားကရိုရိုကျို့ကျို့လာမေးတဲ့စတိုင်လစ်အမကြောင့် လက်ထဲက ဆေးလိပ်မီးစကို အဝတ်တစ်စုံပေါ် ဖိချေလိုက်သည်။ သူ့လုပ်ရပ်ကြောင့် အခန်းထဲက စတိုင်လစ်အမကလွဲပြီး အဖွဲ့သားတွေ မျက်လုံးပြူးသွားရသည်။

Under The Moonlight Dream【 Completed 】Where stories live. Discover now