Episode 16

3.6K 383 52
                                    

* 𝗨𝗻𝗶𝗰𝗼𝗱𝗲 *
* လရောင်လွှမ်းတဲ့အချစ်အိပ်မက် *
* အပိုင်း ၁၆ *

သွေးအေးနေတဲ့မျက်ဝန်းတစ်စုံ...
အပြုံးအရယ်မရှိတဲ့နှုတ်ခမ်းပါးနဲ့အတူ ထယ်ယောင်း ဝိုင်တွေကို ငှဲ့ထည့်လိုက်သည်။ နောက်ကျောကို အကြိမ်ကြိမ်ဓားနဲ့ထိုးခဲ့သည့်သူ့အား သတ်ပစ်ချင်လောက်တဲ့အထိ မုန်းတီးမိပါသော်လဲ ဒီလိုခံစားချက်
တွေကို ရင်းနှီးသွားပုံရသည်။ အရင်တုန်းကစိတ်နဲ့ဆို ငါဘာမှားခဲ့လို့ သူခုလိုလုပ်တာလဲဆိုပြီး ငိုကြွေးနေမိမှာဖြစ်ပေမဲ့ အခုတော့ သူ့ကွန်ဒိုထိလာမယ့်ဧည့်သည်ကို ဝိုင်လေးငှဲ့ကာ စောင့်နေမိသည်။

  နှုတ်ခမ်းဖျားတွေက ‌တင်းတင်းစေ့နေပေမဲ့ ရင်ဘတ်ထဲမှာတော့ တင်းကျပ်မှုတွေနဲ့အတူ မေးခွန်းတွေက စီတန်းနေသည်။

လူသေစေရတဲ့အထိ သူနဲ့ဘာများငြိခဲ့ဖူးလို့လဲ

သူလဲ ကောင်းပေးခဲ့ပါလျက်နဲ့... သူလဲ ယုံကြည်ခဲ့ပါလျက်နဲ့ ... သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့ပါလျက်နဲ့.... ပြီးတော့ ဂျွန်ဂျောင်ကု ... ဂျွန်ဂျောင်ကုရော ... အခု ဘယ်မှာရှိနေတာလဲ .... ဂျွန်ဂျောင်ကုကိုရော သူ ဘာတွေများလုပ်လိုက်ပြီလဲ ...  မထိခိုက်စေချင်လို့ လွှတ်ချလိုက်တဲ့ကလေးကို သူတစ်ခုခုတော့ လုပ်ခဲ့မလား...

ဟာကွာ ... သိပ်မှားသွားတယ် ...

ထယ်ယောင်းတစ်ယောက် ရင်ထဲမှာ အပူကြီးပူနေသလောက် မျက်နက်ဝန်းတွေက အေးအေးဆေးဆေးပင်။ ဘေးနားက ဝိုင်ကိုတောင် တစ်ခွက်လောက်မေ့ာသောက်လိုက်သေးသည်။ သိပ်မကြာပါ ။ အခန်းဆီရောက်လာတဲ့လူတစ်ယောက်ကြောင့် သူတံခါးသွားဖွင့်ပေးလိုက်မိသည်။

“ ဒီအချိန်ကြီးကို ထယ်ယောင်းရာ... ”

ခပ်ပြုံးပြုံးလေးနဲ့ မသိရင် သူငယ်ချင်းကောင်းတစ်ယောက်လိုဟန်ဆောင်လာတဲ့ မင်ဂျွန်းကြောင့် သူလဲ ဟန်ဆောင်ပြုံးလိုက်မိသည်။

ဘယ်လိုတောင်ဟန်ဆောင်နိုင်တာလဲ  သူ့ခမျာ ယုံကြည်ခဲ့ရတာ ... နှစ်တွေနဲ့ချီပြီးတော့ကို...

Under The Moonlight Dream【 Completed 】Where stories live. Discover now