Episode 22

3.1K 365 15
                                    


* 𝗨𝗻𝗶𝗰𝗼𝗱𝗲 *
* လရောင်လွှမ်းတဲ့အချစ်အိပ်မက် *
* အပိုင်း ၂၂ *



“ ပြောပါဦး သူငယ်ချင်းကောင်းကြီးရဲ့ မင်းနဲ့ငါ့ကြားမှာ ဘာအကန့်တွေရှိခဲ့လို့လဲ ”

ခက်ထန်နေတဲ့မျက်ဝန်းတစ်စုံနဲ့အတူ ပြောလိုက်မိတဲ့ စကားအဆုံး မင်ဂျွန်းဆီက ရီသံသဲ့သဲ့ထွက်လာသည်။

“ ခွေးကောင် ရီမနေနဲ့ ငါမင်းကိုမသတ်ခင် .. ”

အနားက မင်ယွန်ဂီက ဒေါသတကြီးဝင်ပြောတော့ ထယ်ယောင်းတားလိုက်မိသည်။

“ အဟက်! ကင်ထယ်ယောင်း ငါက မင်းကို ကယ်ဖို့ကြိုးစားနေတာလေကွာ မင်းပိတ်‌မိနေပါတယ်ဆိုတဲ့ ဂျောင့်လက်ထဲကကယ်ဖို့ကြိုးစားခဲ့တာလေကွာ ”

“ ကယ်ဖို့!! မှားနေပြီ ငါနဲ့ပတ်သတ်တဲ့လူတိုင်းကို မင်းသေစေခဲ့တာလေ ပထမကမီနာ ဒုတိယက မမဂျင်ဆို အဲ့ဒါအပြင် ဂျီမင် !! မင်း ငါ့ဆီက ဘာလိုချင်နေတာလဲ  လီမင်ဂျွန်း ”

သူမေးတော့ မင်ဂျွန်းက ခနဲ့သဲ့သဲ့ရယ်သည်။ ဒါ သူမမြင်ဖူးတဲ့မင်ဂျွန်းရဲ့ပုံစံအစစ်တွေဖြစ်ပါလိမ့်မယ်။

“ မီနာကို ငါခြိမ်းခြောက်ရုံလောက်ပဲလုပ်ခဲ့တာ သေသွားတာက သူ့ကံနဲ့သူပဲ ပြီးတော့ ဂျင်ဆို... ဂျင်ဆိုကို မသေနိုင်လောက်အောင်ပဲလုပ်ခဲ့တာပါ သူ့ဘေးကအကောင်သာ ငါ့ကိုမြင်မသွားခဲ့ဘူးဆိုရင် ကားအက်စီးဒင့်ဖြစ်အောင် ဖန်တီးစရာအကြောင်းမရှိဘူး  ပြီးတော့ ဂျီမင်!! ဂျီမင်က မင်းအကန့်နဲ့မဆိုင်ဘူး ငထယ်”

ထိုစကားအဆုံး ယွန်းဂီကို စူးစူးနင့်နင့်ကြည့်လာတဲ့ မင်ဂျွန်း။

“ ငါမေးနေတာ ဒါမဟုတ်ဘူး ငါမေးနေတာ ငါ့ဆီကဘာလိုချင်နေတာလဲလို့ ဂျောင်ကိုမကျေနပ်ရင် ဂျောင့်နဲ့တိုက်ရိုက်ရှင်း! ဘာဖြစ်လို့ ငါဖြစ်နေရတာလဲ အပြစ်မရှိတဲ့သူတွေကိုဘာလို့ လိုက်ဒုက္ခပေးနေရတာလဲ လူသတ်ကောင်ရဲ့ ”


Under The Moonlight Dream【 Completed 】Where stories live. Discover now