Episode 26 • The Final •

10.2K 451 59
                                    


* 𝗨𝗻𝗶𝗰𝗼𝗱𝗲 *
* လရောင်လွှမ်းတဲ့အချစ်အိပ်မက် *
* အပိုင်း ၂၆ *

" ဘေဘီ .. နှစ်နှစ်ပဲ နှစ်နှစ်လောက်ပဲ ဒီထဲမှာနေပါ .. ဘေဘီ့အမှားတွေကို ပြန်သုံးသပ် ... နှစ်နှစ်ပြီးရင်တော့ ကိုယ့်ဆီပြန်လာခဲ့ .. "

အရှေ့ကစကားပြောနေတဲ့ ဂျောင့်ကို မျက်ဝန်းအသေတွေနဲ့ကြည့်ပြီး မတုံ့ပြန်မိ။ သို့ပေမဲ့ လှောင်ပြုံးလေးတော့ ပြုံးလိုက်မိသည်။ အခုမှ သူသိရသည်က Han Royal Groupက လူကြီးနဲ့ဂျောင်ဟာ ပူးပေါင်းပြီး သူ့ကို ချောက်ချတာတဲ့။ ဘယ်လောက်တောင် သူတုံးအခဲ့တာလဲ ။ ဒါကို သူမသိဘဲ သူ့ခန္ဓာကိုယ်ကို ရင်းခဲ့ရတာ။ မဖြူစင်ပေမဲ့ ရွံစရာလူတွေနဲ့တော့ မပတ်သတ်ချင်ပါ။ အဲ့ဒါထက် ဂျွန်ထယ်!! အရမ်းရင်နာခဲ့ရတဲ့ကောင်လေး။ အမှန်တရားကို မြင်နေခဲ့တာတောင် သူပြောတဲ့စကားတစ်ခွန်းကိုပဲ မျက်စိမှိတ်ယုံကြည်ပေး‌တဲ့ကောင်လေး။

အခုဆို ဂျွန်ထယ် ဘာတွေများလုပ်နေလိမ့်မလဲ ...

" ဘေဘီထယ် .. ချစ်လွန်းလို့ လုပ်တာကို စိတ်မကောက်လိုက်ပါနဲ့ ဘေဘီ.. "

" ကျွန်တော့်ပုံက ခင်ဗျားကို စိတ်ကောက်နေတဲ့ပုံနဲ့ တူနေလို့လား ဆွန်းအီဂျောင် .. ခင်ဗျား ဘာပြောစရာ ကျန်သေးလဲ .. မကျန်တော့ဘူးဆို .. တရားခွင်မှာတွေ့မယ် ... ကျွန်တော်ကတော့ ခင်ဗျားအတွက် ပြောစရာစကားတစ်ခွန်းတောင်မရှိဘူး "

သူပြောတော့ ဂျောင်က မျက်ရည်ကျမတတ်သူ့ကိုကြည့်ကာ သူ့ပါးပြင်တွေ ထိကိုင်ဖို့ကြိုးစားသည်။ သို့ပေမဲ့ နောက်ဆုတ်လိုက်တဲ့သူ့ကြောင့် လက်တွေကို ပြန်ရုတ်သိမ်းသွားသည်။

ထို့နောက် သူ့ကိုလာခေါ်တဲ့ရဲတွေနောက်ကိုသာ သူလိုက်သွားမိတော့သည်။ ဦးတည်ရာက တရားခွင်။

" တရားခံဖြစ်သူဟာ ကုမ္ပဏီစာရွက်စာတမ်းတွေကို လက်မှတ်အတုထိုး လိမ်လည်ခဲ့ကြောင်း တွေ့ရှိရပါတယ် ... အထူးသဖြင့် YK Project လွှဲပြောင်းတဲ့ကိစ္စမှာ ဥက္ကဌလက်မှတ် ပုံစံတူ ဖန်တီးပြီး တစ်ဖက်က လူကြီးကို လွှဲပြောင်းထားပေးတယ်လို့ တွေ့ရှိရပါတယ်။ ကင်ထယ်ယောင်း ... ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာပြောစရာရှိပါလဲ "

Under The Moonlight Dream【 Completed 】Where stories live. Discover now