Episode 25

3.6K 363 21
                                    

* 𝗨𝗻𝗶𝗰𝗼𝗱𝗲 *
* လရောင်လွှမ်းတဲ့အချစ်အိပ်မက် *
*အပိုင်း ၂၅ *

လွန်ခဲ့သောတစ်နှစ်ကျော်ကျော်ခန့်က....

“ ဘယ်အချိန်ကတည်းကလဲ .. ဘယ်အချိန်ကတည်းက ယောင်းလေးနဲ့မောင်နဲ့ ချစ်ခဲ့ကြတာလဲ "

ဓာတ်ပုံကိုကိုင်ကာ မျက်ရည်အရွှဲသားနဲ့ပြောလာတဲ့ထယ်ရန်းကိုကြည့်ရင်း သူခေါင်းငုံ့လိုက်သည်။

" အလယ်တန်းကတည်းကချစ်ခဲ့ပေမဲ့ အထက်တန်းရောက်မှ တွဲဖြစ်တာပါ ထယ် "


" ဒါနဲ့များ ဘာကြောင့် ထယ့်ကို မောင်လက်ထပ်ခဲ့တာလဲ ... မောင် ချစ်တာ ထယ့်ကို မဟုတ်ဘဲ ယောင်းလေးကို မဟုတ်လား "

ဒေါသသံတွေ ပါဝင်တဲ့ ‌ထယ်ရန်းရဲ့စကား‌ကို သူသက်ပြင်းချရင်း ပွေ့ဖက်ဖို့ကြိုးစားမိလိုက်သည်။

" ထယ့်ကိုလဲ မောင်ချစ်ပါတယ် .. ဒါပေမဲ့ ယောင်းငယ်က ယောင်္ကျားလေးလေ ရှေ့ဆက်တိုးဖို့ဆိုတာ ပတ်ဝန်းကျင်ရှိတယ်မလား.. မောင်လဲ နှစ်ယောက်လုံးရဲ့ဘဝအတွက် လုပ်သင့်တာ လုပ်တာပါ ထယ် "

သူချော့ပြောတော့ ထယ်ရန်းကသူ့ရင်ခွင်ကနေ ရုန်းထွက်သည်။

" ယောင်္ကျားလေး?? ချစ်တယ်ဆို !! ချစ်တယ်ဆိုရင် ဘာလို့ပတ်ဝန်းကျင်ကို ဂရုစိုက်နေမှာလဲ .. အခုဘယ်လိုလုပ်မလဲ ထယ့်ကြောင့်နဲ့ ယောင်းလေးနာကျင်ရပြီ ... ထယ့်ဘဝမှာ ယောင်းလေးကို အချစ်ဆုံး ဂရုအစိုက်ဆုံးဆိုတာ မောင် မသိခဲ့လို့လား.. မောင်သိရက်နဲ့ ... မောင်သိရက်နဲ့ လုပ်ခဲ့တာ .. ဘာကြောင့်များ ထယ့်ကို အသိမပေးခဲ့ကြတာလဲ ... ‌ပြီးတော့ အခု တစ်အိမ်တည်းနေမယ်ဆိုတဲ့ မောင့်အစီအစဉ် !! ယောင်းလေး ဘယ်လောက်တောင် မွန်းကျပ်နေမလဲ မောင်မစဉ်းစားဘူး ... မောင်က မောင်ဖြစ်ချင်တာပဲ သိတဲ့တစ်ကိုယ်ကောင်းသမား "

ထယ်ရန်းပြောတော့ သူစိတ်ထဲမကောင်းပေမဲ့ သူ ယောင်းငယ်ကို တခြားသူဆီမပေးနိုင်ပါ။ အဲ့ဒါကြောင့် ထယ်ရန်းကိုအကြောင်းပြကာ တစ်အိမ်တည်းနေဖို့စီစဉ်ခဲ့တာပင်။ ယောင်းကလဲ ထယ်ရန်းမျက်နှာနဲ့ ဘယ်ကိုမှမသွား။

Under The Moonlight Dream【 Completed 】Where stories live. Discover now