Episode 12

3.3K 404 26
                                    

* 𝗨𝗻𝗶𝗰𝗼𝗱𝗲 *
* လရောင်လွှမ်းတဲ့ချစ်အိပ်မက် *
* အပိုင်း ၁‌၂ *



အိပ်ရာထက်မှာ အိပ်စက်နေတဲ့အလှတရားကို ဂျောင်ကု သေချာကြည့်နေမိသည်။ ဆံပင်ကောက်ကောက်လေးတွေရယ် ဖြောင့်စင်းနေတဲ့နှာတံရယ်... ရှည်ညွှန့်နေတဲ့မျက်တောင်ကော့ကော့ရယ် ... ပြီးတော့ အသည်းယားဆုံးက နှာထိပ်အောက်က မှည့်လေးရယ်
Hyungဟာ ယောင်္ကျားပီသပေမဲ့ သိပ်ကိုလှလွန်းသည်။ မေးရိုးတွေထင်းနေပေမဲ့ ဟိုတခါ ဘားမှာမူးတုန်းကလို လေးထောင့်ဆန်ဆန်ပြုံးလိုက်ရင် ကလေးလေးနဲ့တူလွန်းသည်။ အဲ့ဒါကြောင့်မို့လဲ သူ Hyungကို အချစ်တွေပိုခဲ့တာနဲ့ တူပါရဲ့။

ဂျောင်ကုကြည့်နေရင်းနဲ့မှ Hyungက ပါးပြင်တွေကို ယောင်ပြီး လက်တွေနဲ့ကုတ်ခြစ်တော့ သူတွေ့လိုက်မိသည်က အမာရွတ်တစ်ခု။ သူလက်လေးနဲ့ ဖွဖွလေးထိကြည့်လိုက်မိသည်။ Hyungနိုးမှာလဲ စိုးရသည်မို့လေ။

“ ဟင် ...  ဒါလေးက ဘာဖြစ်ခဲ့တာပါလိမ့် ... ”


ပြောမဆုံးသေး ဖြတ်ကနဲ့ပွင့်လာတဲ့ Hyungမျက်ဝန်းတွေ.... ။ သူ့ကိုမြင်တော့ သူ့လက်ကိုဖမ်းဆွဲကာ ချက်ချင်းထထိုင်သည်

“ ... ”

“ Hyung နိုးပြီလား... ရေချိုးလိုက်ဦး... ကျွန်တော် ပျားရည်လောက်တော့ စပ်တက်တာမို့ အဲ့ဒါလေးလုပ်ထားပေးတယ် ပြီးတော့ မနက်စာကိုလဲ ပီစာမှာထားပေးတယ် တူတူစားရအောင် ... ကျွန်တော် ကြက်ဥကြော် ထပ်မစားချင်တော့လို့... ”



သူ့အရှေ့မှာ စိတ်အေးလက်အေးပြောနေတဲ့ကောင်လေးကိုကြည့်ပြီး ထယ်ယောင်း နားမလည်နိုင်။ ညက ကောင်လေးအပေါ်ကို သူ လွန်ထားတယ်လေ... ဒါကို ဒီကောင်လေးက မသိကျေးကျွံပြုပြီးနေနိုင်တယ်တဲ့လား။

“ Hyungလို့... ရေချိုးတော့ဆိုနေ ... ဘာငေးနေပြန်ပြီလဲ ”


မျက်မှောင်ကြုတ်ကာ ဆိုလာတဲ့ ဂျွန်ထယ်ကြောင့် ထယ်ယောင်း ဆံပင်တွေကြားလက်ထိုးထည့်ကာ ဖွပစ်မိသည်။

Under The Moonlight Dream【 Completed 】Where stories live. Discover now