ယီရှင်းရှင်း

21.5K 949 20
                                    

Zawgyi

'ယီရှင်းရှင်း'
ဟုတ်တယ်။ အဲဒါ ကျမနာမည်ပါ။ ကျမက ယီရှင်းရှင်းပါ။ သူငယ်ချင်းအပေါင်းအသင်းမက်ပြီး ပျက်စီးနေတဲ့ ကောင်မလေးတစ်ယောက်ပါ။ အိမ်ကပိုက်ဆံရှိပြီး အလိုလိုက်တယ်ဆိုတော့လည်း ကျမဆိုးတာပုံမှန်ပဲလေ။ ဟုတ်တယ်မလား😎။

ကျမကခပ်ဆိုးဆိုးသူဌေးသမီးဆိုပေမဲ့ လူချစ်လူခင်တော့ပေါများပါတယ်။ အပေါင်းအသင်းမက်တယ်ဆိုပေမဲ့ အပေါင်းအသင်းများလို့ ပျက်စီးသွားတာမဟုတ်ပါဘူး။ ကျမဘဝက သာသာယာယာပါပဲ။ တစ်ယောက်သောသူနဲ့ မတွေ့ခင်အထိပေါ့။

သူ...။ ကျမချစ်ခဲ့သောသူ။ ဒါပေမဲ့ သူက သက်ဆိုင်သူရှိတယ်တဲ့လေ။ ကျမဂရုမစိုက်ပါဘူး။ ကျမသူ့ကိုချစ်တယ်။ သူကျမကိုပြန်ချစ်လာစေရမယ် ဆိုတဲ့စိတ်နဲ့ သူ့ကိုလိုက်ကပ်ခဲ့တယ်။

သူသွားတဲ့နေရာတိုင်းမှာကျမရှိတယ်။ သူဘယ်နေရာမှာ ဘယ်သူနဲ့ ဘာလုပ်နေတယ်ဆိုတာကအစ ကျမသိတယ်။ သိရမှာပေါ့။ သူ့နောက်ကိုလိုက်စုံစမ်းဖို့ လူတွေကို ကျမပိုက်ဆံပေးထားတယ်လေ။
ချမ်းသာခြင်းရဲ့အရသာက ဒါပဲလေ။

ကျမသူ့ကိုချစ်လို့ သူ့နောက်လျှောက်လိုက်ခဲ့ပေမယ့် သူကတော့ ကျမကိုနည်းနည်းမှတောင် လှည့်မကြည့်ခဲ့ဘူး။ ကျမသူ့ကိုချစ်သလိုပြန်ချစ်ဖို့ မပြောနဲ့ ကျမနာမည်တောင် သူမသိလောက်ဘူး။

ကျမတကယ်ကိုပင်ပန်းခဲ့ပါတယ်။ သူ့ကိုချစ်လိုက်ရတာ။ ကြာတော့ ပင်ပန်းလွန်းလို့ လက်လျော့လိုက်ရမလားလို့တောင် တွေးမိတယ်။ ဒါပေမဲ့ သူက ကျမဘဝမှာ ပထမဦးဆုံးချစ်ရတဲ့သူလေ။ ကျမဘက်ကသာတစ်ဖက်သတ်ဆိုပေမဲ့ သူကကျမအတွက် အချစ်ဦးပါပဲ။ အချစ်ဦးဆိုတာ မေ့ရခက်တယ်မလား။

ပိုဆိုးတာက သူနဲ့မကြာခင်စေ့စပ်တော့မယ့်သူက ကျမရဲ့ပြိုင်ဘက် ဝမ်ရှင်းယီနဲ့တဲ့လေ။ ဒီသတင်းကိုကြားတော့ ကျမကမ္ဘာပျက်သွားသလိုပဲ။ မယုံနိုင်ခဲ့သးဘူး။ ဒါပေမဲ့ သတင်းတွေက တကယ်ကို တိကျလွန်းပါတယ်။

ဒါကြောင့် ကျမ သူငယ်ချင်းတွေနဲ့ ကမ်းခြေကိုအလည်ထွက်လာခဲ့တာ။ သူ့ကိုမေ့ပျောက်ဖို့အတွက်ရော သူ့ပုံရိပ်တွေနဲ့ပြည့်နှက်နေတဲ့ ကျမစိတ်ကိုပြန်လည် သန့်စင်ဖို့အတွက်ရောပေါ့။

ဇာတ်လိုက်ကို လုယူမယ်/ ဇာတ်လိုက်ကို လုယူမယ် (1) (OC)Where stories live. Discover now