ချစ်စရာဗီလိန်မလေး

8.1K 781 11
                                    

Zawgyi

အခုတလော ဇာတ်လိုက်ဘုရင် အလုပ်များနေသဖြင့် သူမနဲ့မတွေ့ဖြစ်တာပင် အတော်ကြာနေလေပြီ။ သူမလည်း ပျင်းတာနဲ့ ဥယျာဉ်တော်မှာပဲ အချိန်တွေကို ကုန်ဆုံးနေတယ်လေ။

တစ်နေ့ ဥယျာဉ်တော်မှာ သူမထိုင်ရင်း ပန်းအလှကို ရှုစားနေမိစဉ်..
"ကြင်ယာတော်စုကို အရိုအသေပြုပါတယ်"

စုရှင်းရှင်းလှည့်ကြည့်လိုက်တော့..
အား...ချောလိုက် လှလိုက်တာ။ ဇာတ်လိုက်မလောက် ကိုယ်ရှိန်ကိုယ်ဝါမတောက်ပပေမဲ့ ဇာတ်လိုက်မထက် ချစ်စရာပိုကောင်းနေသည်။

"ထပါ. မင်းက ဘယ်သူလဲ"

"ကျတော်မျိုးမက စစ်သူကြီးယဲ့လန်ရဲ့ကြင်ယာတော် ချင်းယဲ့ပါ ကြင်ယာတော်"

#သူက ဗီလိန်မလေး ချင်းယဲ့ပါ host#

#ဗီလိန်??? သူ့မှာက စစ်သူကြီးရှိနေပြီးသား မဟုတ်လား။ ဘယ်လိုလုပ် ဗီလိန်ဖြစ်ရတာလဲ#

#ဇာတ်လိုက်မနဲ့ စစ်သူကြီးယဲ့လန်နဲ့က ငယ်သူငယ်ချင်းတွေပါ။ စစ်သူကြီးယဲ့လန်က ဇာတ်လိုက်မအပေါ်မှာ သူငယ်ချင်းသံယောဇဉ်ထက်ပိုနေတယ်။ ချင်းယဲ့ကိုတော့ ညီမလေးသံယောဇဉ်ပဲရှိတယ်။ မိန်းမတွေရဲ့ ဆဌမအာရုံအရ ယဲ့လန်က ဇာတ်လိုက်မအပေါ် ခံစားချက်ရှိတာကို သိသွားပြီး ဇာတ်လိုက်မကို အမျိုးမျိုးလုပ်ကြံတော့တာပါ#

#အဆိပ်ခတ်တာရော သူပဲလား#

#ဟုတ်ပါတယ်#

#ငင့် သူက ငါသေရခြင်းရဲ့အဓိက တရားခံပေါ့#

"ချင်းယဲ့..အင်း..နာမည်လေးအတိုင်းပဲ လူလည်းလှတာပဲနော်"
သူမပြောစကားကြောင့် ချင်းယဲ့တျောက် ရှက်သွေးဖြာသွားရသည်။

"ဒီအတိုင်းပဲရပ်နေတော့မှာလား။ ထိုင်ပါဦး ချင်းယဲ့ရဲ့"

"ဟုတ်ကဲ့ပါ. ကြင်ယာတော်"

"ချင်းယဲ့..တို့နဲ့ သူငယ်ချင်းလုပ်မလား"

"ရှင်"
ချင်းယဲ့မျက်လုံးလေးပြူးကာ ကြောင်ကြည့်နေမိသည်။

"တို့က ဒီကမဟုတ်တော့ ဒီကလူတွေနဲ့သိပ်မသိသေးဘူး။ တို့မှာသူငယ်ချင်းလည်း မရှိသေးဘူးလေ။ ဒါကြောင့် ချင်းယဲ့က တို့နဲ့သူငယ်ချင်းလုပ်ပေးမလားလို့။ မလုပ်ချင်ရင်လည်းရပါတယ်.."

ဇာတ်လိုက်ကို လုယူမယ်/ ဇာတ်လိုက်ကို လုယူမယ် (1) (OC)Where stories live. Discover now