အချစ်စစ်

6.5K 621 4
                                    

Zawgyi

ရှင်းအာ ငိုလို့ဝမှ သူ့ကိုမော့ကြည့်လာသည်။ မျက်ရည်များဖြင့်ပြည့်လျှံကာ မယုံကြည်နိုင်ကာ နာကျင်နေသော မျက်ဝန်းတွေက သူ့ရင်ဘတ်တစ်ခုလုံးကို စုတ်ပြတ်သတ်စေသည်။

ရှင်းအာ သူ့ကိုမော့ကြည့်လိုက်တော့ သူငိုနေသည်။ သူ..ဧကရာဇ်ချင်ရှန်း...သူ...သူလေ..ငိုနေတယ်။ ရှင်းအာအတွက်တဲ့။

အရင်ဘဝကတည်းက ရှင်းအာက ယောကျာ်းတစ်ယောက်ကိုသာ လိုက်ခဲ့ဖူးသည်။ ထိုယောကျာ်းက သူမအတွက်ငိုဖို့မပြောနဲ့ လှည့်တောင်မကြည့်ခဲ့။

အခု.အခုတော့ သူမလေးအတွက် ယောကျာ်းတစ်ယောက် ငိုနေတယ်။ သာမန်ယောကျာ်းတောင်မဟုတ်. တိုင်းပြည်တစ်ပြည်ရဲ့ရှင်ဘုရင်ကလေ....။

"ကိုယ် တောင်းပန်ပါတယ်"

သူ့ဆီက ထွက်လာသောစကားလုံးတွေ။ 'ကိုယ်တောင်းပန်ပါတယ်'တဲ့။ သူက..သူက ရှင်းအာကို တောင်ပန်နေတယ်။

"ဘာ.ဘာလို့လဲ"
အဖြေကို သိသိရက်နဲ့မေးရင်း မျက်ရည်များကျလာပြန်သည်။

သူဘယ်လိုဖြေရမလဲ?. သူမမဟုတ်တဲ့ အခြားမိန်းမတစ်ယောက်နဲ့အတူ သွားအိပ်မိသည့်အတွက်လား။ သူမလေးကို နာကျင်အောင်လုပ်မိသည့်အတွက်လား။

"ကိုယ်..ကိုယ် ဆေးခပ်ခံလိုက်ရတာပါ. ကိုယ် တကယ်ပြောတာပါ။ ကိုယ်..ကိုယ်က မင်းကိုပဲချစ်တာပါ။ အခြားမိန်းမတွေကို ကိုယ်ထိတောင်မထိချင်ပါဘူး။ ကိုယ်က မင်းတစ်ယောက်ကိုပဲချစ်တာ..ဟုတ်တယ်. ကိုယ်က မင်းတစ်ယောက်တည်း. ရှင်းအာတစ်ယောက်တည်းကိုပဲ ချစ်တာ.."

သူပြာပြာသလဲရှင်းပြကာ သူမလေးကိုချစ်နေကြောင်းပါ ဝန်ခံလိုက်သည်။ သူ့ကို ကြည့်နေသောသူမလေးမျက်လုံးတွေက မယုံကြည်နိုင်ခြင်းများစွာနဲ့...။

သူ..သူ ရှင်းအာကိုဝန်ခံခဲ့တယ်။ ရှင်းအာဘယ်လိုပြန်ဖြေရမှာလဲ? ရှင်းအာလည်း ရှင့်ကိုချစ်ပါသည် ဟူ၍လား...။ ရှင်းအာ သူနဲ့အတူအိပ်ခဲ့ပေမဲ့ အချစ်ကြောင့်နဲ့မှမဟုတ်တာ။ ရှင်းအာ နဂိုမူလကမ္ဘာမှာ အသက်ရှင်ချင်လို့ပဲလေ။

အခု သူကချစ်တယ်တဲ့။ ရှင်းအာရော သူ့ကိုချစ်နေမိတာလား။ ရှင်းအာ သူနဲ့အခြားမိန်းမနဲ့အတူရှိနေတာကို ဝမ်းနည်းနေမိတယ်။ ဒါက သဝန်တိုတာလား။

ဇာတ်လိုက်ကို လုယူမယ်/ ဇာတ်လိုက်ကို လုယူမယ် (1) (OC)Where stories live. Discover now